C_40

2.5K 332 32
                                    

"Jongin ya!!!"

Çlub ထဲဝင်ဝင်ချင်းပဲ ထိုးထိုးထောင်ထောင်အရပ်နဲ့တောင် မြင်နေရတဲ့ Park Chanyeol ကသူ့အသံဩဩကြီးနဲ့ လက်ထောင်ပြီး လှမ်းအော်ခေါ်နေသေးသည်။

ပြိုးပြိုးပျက်ပျက် မီးရောင်အောက်မှာ ကခုန်နေကြတဲ့မဒီလေးတွေက အရင်တုန်းကတော့ သူ့အတွက် စိတ်လှုပ်ရှားစရာကောင်းခဲ့ပေမဲ့ အခုတော့ စိတ်ညစ်ညူးစရာကောင်းနေသည်။

ခေါင်းကိုက်နေပါတယ်ဆိုမှ ဒီလိုနေရာမျိုးကိုမှချိန်းသည့် အနှီလူသားသုံးယောက်အား ထုပစ်ချင်လာသည်။

ဟိုနှစ်ယောက်ကိုတော့ ကလေးမျက်နှာနဲ့ သက်ညှာပေးလို့ရပေမဲ့ အဲ့နှစ်ယောက်ရဲ့ အကြံပေးအရာရှိ Park Chanyeol ကတော့ တစ်ပွဲတစ်လမ်းနွှဲပေးမှ ငြိမ်မည်ထင်၏။

ကျပ်သပ်နေတဲ့ လူအုပ်ကြီးကို အတင်းတိုးခွေ့ကာ ဟိုသုံးယောက်ရှိရာနေရာဆီ မနည်းအရောက်သွားရသည်။Jongin ရောက်တော့ Park Chanyeol ရဲ့ပေါင်ပေါ်မှာ Byun Baekhyun ကတက်ထိုင်နေပြီး Kim JongDae ကတော့ တစ်ခွက်ပြီး တစ်ခွက်မော့နေသည်။

ဘယ်လောက်တောင် ကြည့်လို့ကောင်းလိုက်တဲ့ မြင်ကွင်းလဲလို့ ㅡ.ㅡ လွမ်းနာကျနေတဲ့သူ့ကိုမှ အားမနာဘဲ မျက်စိရှေ့မှာ ဆဲဆိုချင်အောင် ရိုပြနေသော အတွဲရယ်၊ ကိုယ်သောက်ရမယ့်အရက်တွေကို ထိုင်ခံ ထိုင်သောက်နေတဲ့တစ်ယောက်ရယ်...Kim Jongin တို့ ဒီနေ့ကံကောင်းလွန်းနေတာ သေချာနေပါပြီ...

ဒါတောင် Park Chanyeol ဆိုတဲ့ သူ့သူငယ်ချင်းငနဲက Byun Baek ရဲ့ပါးကိုနောက်ကနေ လှမ်းလှမ်းနမ်းနေသေးတာ...

"F**k !! Park Chanyeol နဲ့ Byun Baekhyun ! မင်းတို့နှစ်ယောက်အခုချက်ချင်း ခွာမလား၊ ငါထပ်ဆဲရမလား!"

Jongin သူတို့နှစ်ယောက်နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း ယဉ်ယဉ်ကျေးကျေးလေး တောင်းဆိုလိုက်တော့ မျက်လုံးပြူးမျက်စံပြူးနဲ့ ကြည့်လာတဲ့ တရားခံနှစ်ယောက်။

"Jongin ya~~ ငါတို့က မင်းကိုနှစ်သိမ့်ပေးမလို့ခေါ်တာလေကွာ.."

အရမ်းတွေပေါက်ကွဲချင်နေပြီ!! ခေါင်းကထိုးကိုက်နေရတဲ့ကြားထဲ နှစ်သိမ့်ပေးမယ်ဆိုပြီး ပိုပြီး depression ဝင်အောင်အသေသတ်နေလားအောက်မေ့ရတယ်!

 《《Sweet Lies》》Where stories live. Discover now