C_5

2.9K 364 44
                                    

KyungSoo နဲ့ Jongin  တို့ ဖက်လျက်သား အဲ့အတိုင်းနေနေကြတာ အချိန်ကုန်မှန်းမသိကုန်သွားတာတောင် သတိမထားမိလိုက်ကြဘူး...

နောက်မှ  KyungSoo ဒီကိုလာရတဲ့ အဓိကအကြောင်းအရင်းကို သတိရသွားတယ်။

"ကိုကို လွှတ်ပါဦး ကလေးပြောစရာရှိတယ်ဆိုမှ" KyungSoo သူ့ကိုတင်းကျပ်နေအောင် ဖက်ထားတဲ့ Jongin ကိုပြောတော့

"ဘာလို့လဲကွာ...ဒီအတိုင်းပြောလေကလေးရဲ့ ကိုယ်နားထောင်နေတယ်။"

"မရပါဘူး..မျက်နှာချင်းဆိုင်ပြီးပြောမှာ..လွှတ်ပါဆိုမှ အခုမှအတင်းလာဖက်နေတယ်"

KyungSoo သူ့ကိုမလွှတ်ပေးချင်တဲ့ Jongin ရဲ့သိုင်းဖက်ထားတဲ့လက်တွေကို တွန်း ဖယ်ရင်းနဲ့ပြောတော့မှ Jongin သူ့လက်တွေကို ဖြေလျော့ပေးလိုက်တယ်။

ဒါတောင် KyungSoo ရဲ့ပါးဖောင်းဖောင်းလေးတွေကို လက်နဲ့အုပ်ကိုင်ထားသေးတယ်။

"ကဲပြောတော့..ဘာပြောမှာလဲ?"

Jongin သူ့လက်တွေနဲ့ KyungSoo ရဲ့ပါးလေးကိုကိုင်ရင်း မျက်လုံးချင်းဆုံပြီးမေးလိုက်တော့  KyungSoo ရဲ့ပါးပြင်ပေါ်မှာ ပန်းနုရောင်လေးယှက်ပြေးသွားတယ်။

သူ့အပေါ် ကိုကို တစ်ခါမှဒီလို နူးနူးညံ့ညံ့ မဆက်ဆံဖူးဘူးမလား..အခုရုတ်တရက်ကြီး အပြုအမူတွေက ပြောင်းလဲနေတော့ သူတောင်ရှက်သွားရပြီ။ ဒါပေမဲ့လည်း မသိသာအောင်လို့ အမြန်ပြောလိုက်တယ်။

"တကယ်တော့ ကလေးဒီကိုလာတယ်ဆိုတာ ကိုကိုနဲ့ မနက်စာအတူစားမလို့လေ။အဲ့ဒါကြောင့် ကလေးအချိန်ပိုင်းအလုပ်မသွားခင်ဝင်လာတာ။အခုတော့ အချိန်ကိုလဲကြည့်ဦး။မမှီတော့ဘူး"

KyungSoo သူ့လက်မှာ Jongin နဲ့ဆင်တူပတ်ထားတဲ့ နာရီလေးကိုကြည့်ရင်း ဆူပုတ်ပုတ်လေးပြောလိုက်တယ်။

"အော် ...ဒါများကလေးရယ်..အခုသွားစားကြမယ်လေ။ခဏလောက်ပဲကြာမှာပါ"

"နေပါ...ဒီမှာအလုပ်နောက်ကျနေပြီ။မြန်မြန်ပြေးရမှာဒါတောင်။ကလေးဟိုရောက်မှပဲစားတော့မယ်။ ကိုကိုသာမနက်စာမလွတ်စေနဲ့နော်။အစာအိမ်ဖြစ်မယ်"

KyungSoo သူ့ကိုကိုနဲ့အတူတူစားချင်ပေမဲ့လည်း အလုပ်နောက်ကျမှာလည်းဆိုးရသေးတယ်လေ။မဟုတ်ရင် သူ့ရဲ့ဆိုင်မန်နေဂျာ Xing hyung ဆူမှာပေါ့...Xing hyung ကကျန်တဲ့နေရာမှာသာ သဘောကောင်းချင်ကောင်းမယ်။အချိန်နဲ့ပတ်သတ်လာရင် နည်းနည်းလေးတောင် အမှားခံတာမဟုတ်ဘူး။

 《《Sweet Lies》》Hikayelerin yaşadığı yer. Şimdi keşfedin