C_33

3.4K 386 24
                                    

"Jongin ကို ကိုယ်တို့ဘယ်လိုပြောကြမလဲ Baek ရယ်...."

ဆေးရုံကုတင်ပေါ်မှ နဂိုပုံနှင့်ကွဲပြားစွာ ဖြူဖျော့ကာ ဆေးပိုက်အသွယ်သွယ်ဖြင့် အိပ်ပျော်နေသော Jongin ကိုကြည့်၍ Chanyeol ချစ်ရသူလေးအားမေးလိုက်သည်။

Baek ဆီမှ သူ အဆက်အသွယ်ရပြီးပြီးချင်း 'Kim Jongin မေ့လဲသွားလို့ ဆေးရုံလာခဲ့'လို့ကြားခဲ့ရတုန်းက သူ့သူငယ်ချင်းအား စိုးရိမ်မှုဖြင့် အမောတကော သူအပြေးအလွှားရောက်လာခဲ့သည်။

ဘယ်လိုပဲ Baek တို့က Jongin ကိုမုန်းမုန်း သူကတော့ စိတ်မကွက်ရက်။ သူ့သူငယ်ချင်းအကြောင်း သူအသိဆုံးပင်။ အချစ်ဆိုတဲ့အရာကို ဘယ်လိုအရာမှန်းကွဲကွဲပြားပြားမသိခဲ့တော့ အခုလို နာကျင်မှုနဲ့ အဆုံးသတ်ရပြီလေ...သူသတိပေးခဲ့တည်းက အဲ့ကောင်ရပ်တန့်ခဲ့သင့်တာ။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရသလို ကာယကံရှင်နှစ်ယောက်လုံး မချိမဆန့်ခံစားရပြီမလား...

Jongin ရာ မင်းမိုက်မဲလွန်းခဲ့တယ်...အခုတော့ မင်းရဲ့ မိုက်မဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်ဆွဲအကျိုးဆက်ကို မင်းပဲ ခံစားနေရတာမလား...ပြန်တွေးလိုက်တိုင်း မင်းကို သနားပေမဲ့ နာကျင်ရတာတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာတောင် အပြစ်မရှိတဲ့ ကလေးအပေါ်လျစ်လျူရှုရက်စက်ခဲ့မှုကြောင့် မင်းကို စိတ်ရှိလက်ရှိသာ ထိုးပစ်လိုက်ချင်တယ်ကွာ...

ဒါပေမဲ့ Jongin.. အရာအားလုံးနောက်ကျသွားခဲ့ပြီလေ...မင်းအခုမှ နောင်တရပြီး ပြန်ခေါ်ချင်လည်း မင်းလိုက်မမီတဲ့တစ်ဖက်ကမ္ဘာကို ရောက်ရှိသွားတဲ့ မင်းကောင်လေးက သိနိုင်မှာတဲ့လား....မင်းအသိနောက်ကျလွန်းနေခဲ့ပြီ....

အကယ်၍ မင်းနိုးလာခဲ့ရင် သိရှိရမယ့်အမှန်တရားအတွက် အဆင်သင့်ပြင်ဆင်ပြီး အားမွေးထားရင်ကောင်းလိမ့်မယ် Jongin..

"မသိတော့ဘူး Chan ရာ..ဟင့်...Kyun__Kyungie...ကျွန်တော်တို့ရဲ့ Kyungie ကိုဘယ်လိုလုပ်ကြမလဲဟင်..."

အခန်းထဲရှိ ကုတင်နှင့်အတန်ငယ်ဝေးရာ ထိုင်ခုံပေါ်တွင် ထိုင်ကာ သူ့သူငယ်ချင်းကို သတိရပြီး ငိုကြွေးနေသည့် သူ့ရဲ့ ကလေးငယ်လေးကိုလည်း သူနှစ်သိမ့်ပေးရဦးမည်။

 《《Sweet Lies》》Where stories live. Discover now