C_28

2.7K 419 114
                                    

"က_ကလေး..."

တိတ်ဆိတ်နေသော အခန်းထဲမှရေရွတ်သံတိုးတိုးက ထိုးခွင်းကာပေါ်ထွက်လာသည်။

Jongin ရဲ့တိုးညှင်းလှသော ခေါ်သံကို Lee Inna ကြားလိုက်သော်ငြားမသိချင်ယောင်ဆောင်ကာ ထိုင်နေလျက်ပင်။

သူမအားအတင်းတွန်းဖယ်ကာ ရုန်းကန်ရင်းနဲ့ ထွက်သွားတဲ့ကောင်လေးနောက်ကို လိုက်ရန်ဆိုင်းပြင်နေသော Jongin ရဲ့ခြေလှမ်းတွေကို ရိပ်မိသည့်အလား အတင်းအသည်းအသန် အာရုံပြောင်းရန် သူမကြိုးစားမိသည်။

သို့သော် ကယောင်ခြောက်ခြားဖြင့် ကလေး ဆိုသည့်နာမည်ကိုသာ တဖွဖွရွတ်ကာ တံခါးပေါက်ဆီကိုသာ လှမ်းဟန်ပြုနေသည့် Jongin ကြောင့်သူမဒေါသထွက်လာသည်။

သိပြီ! အဲ့ဒါ Jongin ပြောတဲ့သူ့ကောင်လေးဆိုတဲ့တစ်ယောက်ပဲဖြစ်မှာ။ hk...အတော်ပဲဖြစ်သွားတာပေါ့။သူမကိုယ်တိုင် သတိပေးစရာမလို၊အသိပေးစရာမလိုဘဲ စောစောစီးစီးဒီလိုသိသွားတော့လည်း တစ်ရှုပ်ရှင်းသွားတာပေါ့။

အဲ့တစ်ယောက်ထွက်ပြေးသွားတည်းက မျက်ကလူးဆန်ပြာဖြင့် အရူးတစ်ယောက်ပုံစံ ဖြစ်နေသည့် Jongin ကိုကြည့်ရင်း သူမတွေးလိုက်မိသည်က Jongin အချစ်ဆိုတဲ့အရာကို ရှာတွေ့သွားပြီလားဆိုတာပင်။

ထိုအသိကြောင့် သူမလန့်သွားသည်။မဖြစ်ဘူးလေ Kim Jongin အချစ်ဆိုတာ သိလို့မဖြစ်ဘူး။သူဘာမှ သိခွင့်မရှိဘူး!

သူမကို တကယ်မကြိုက်ဘဲ အပြင်းပြေအပျော်သဘောမျိုး တွဲနေတာသူမသိသည်။ဒါပေမဲ့ အခုအချိန် မာနတွေ၊သိက္ခာတွေဆိုတာမသိတော့ဘူး။

သူမခေါင်းထဲမှာရှိတာက Kim Jongin ဆိုတာသူမအပိုင်ဖြစ်ရမည်။သူမထိန်းချုပ်နိုင်ရမည်။အရာရာသူမသဘောအတိုင်းခေါင်းငြိမ့်လက်ခံပေးရမည်။ဒါမှ သူမရည်မှန်းချက်အောင်မြင်မှာ။

အရင်တုန်းက Lee Inna ဆိုတာပျောက်ကွယ်သွားတာကြာခဲ့ပြီ Jong~~~

"ဖယ်! ဖယ်စမ်း!!!"

Jongin ရဲ့ အားကုန်သုံးပြီးတွန်းချလိုက်မှုကြောင့် ပေါင်ပေါ်မှပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ် ဗုန်းခနဲ  သူမလဲကျသွားခဲ့ရသည်။

 《《Sweet Lies》》Where stories live. Discover now