C_34

3.4K 388 41
                                    

ဘာလို့ တူညီတဲ့နေရာမျိုးကို ထပ်ရောက်နေရတာလဲ?! ဒီလို မှောင်မိုက်မှုမျိုးက သူရဲ့အိမ်မက်ဆိုးထဲက အတိုင်းပဲ။ သူမနေချင်ဘူး!

Jongin အိမ်မက်ထဲကလို မှောင်မဲနေပြီး ဘေးပတ်ဝန်းကျင်ကို ဘာဆိုဘာမှ မမြင်ရသည့် နေရာမျိုးကို ထပ်မံရောက်ရှိနေသည်။ ဒီနေရာမှာ သူ့ကို KyungSoo နှုတ်ဆက်ခဲ့တာ၊ သူ 'ကလေး' ဆိုပြီး အော်ဟစ်ခဲ့တာတွေ...အားလုံးက ဒီမှောင်မိုက်ခြင်းက စတင်ခဲ့တာမို့ သူထွက်ပြေးမိသည်။

သို့ပေမဲ့ ဘယ်လောက်ပဲ ပြေးပြေး ဒီနေရာ၊ ဒီအမှောင်ထုထဲက ရုန်းမထွက်နိုင်ဘဲ သူပိတ်မိနေသည်။

Jongin ပြေးလွှားနေရတာ မောလာသဖြင့် ဒူးထောက်ထိုင်ချလိုက်သည်။

သူဒီအမှောင်ထုထဲက ရုန်းထွက်နိုင်ရမှဖြစ်မယ်။ သူ့ကို ကလေး စောင့်နေပြီလေ...သူမြန်မြန်သွားမှဖြစ်မယ်။မဟုတ်ရင် ကလေးက သူ့ကို အကြာကြီးစောင့်နေရလိမ့်မယ်...

Jongin ထပ်မံအားတင်း၍ မောပန်းနေမှုကို အံကြိတ်ကာ တင်းခံရင်း ဦးတည်ရာ မမြင်ရသည့် အမှောင်ထုထဲ ဆက်လက်ပြေးလွှားကာ ထွက်ပေါက်ရှာနေမိသည်။

"ကိုကို......"

ပြေးရင်းတန်းလန်း ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည့် KyungSoo ၏ 'ကိုကို' ဆိုသည့်ခေါ်သံကြောင့် Jongin ခြေလှမ်းတို့ရပ်တန့်ကာ ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်လိုက်သည်။

သို့သော် အရိပ်ပင်မတွေ့။ ထို့ကြောင့် ထင်ရာထင်မှားဖြစ်တာလို့ ဖြေသိမ့်ရင်း ဆက်လက်ပြေးရန် ဟန်ပြင်လိုက်ပေမဲ့ ထပ်မံကြားလိုက်ရသည့် ခေါ်သံ....

"ကိုကို..."

ဒီတစ်ခါအသံက ပို၍ပြတ်သားသလို လွမ်းဆွတ်မှုတို့ စွန်းထင်းနေသယောင်လေသံပြပြဖြစ်သည်။

"ကလေး!? ကလေးဘယ်မှာလဲ?! ကလေး ကိုကိုလာနေပြီမို့စောင့်နေနော်..ကိုကို ဒီထဲက ရအောင်ထွက်ခဲ့မယ် ကလေး! ကိုကို့ကလေး စောင့်နေရမယ်နော်!"

Jongin အသံပိုင်ရှင်အားမတွေ့ရပေမဲ့ အသံထွက်ပေါ်လာရာ လားရာဘက် ဦးတည်၍ ပြောဆိုလိုက်သည်။

"ဟင့်အင်း...မလာနဲ့!! မလာခဲ့နဲ့ Kim Jongin! ခင်ဗျားမလာခဲ့နဲ့! ခင်ဗျား ကျွန်တော့်ဆီလာလို့မရဘူး! ကျွန်တော်ရှိတဲ့နေရာနဲ့ ခင်ဗျားရှိတဲ့နေရာနဲ့က ကွာဝေးသွားခဲ့ပြီ...အခုမှ ကျွန်တော့်ဆီလာမနေနဲ့ အလကားဖြစ်သွားပြီ။ လာလို့လဲမရတော့ဘူး!"

 《《Sweet Lies》》Where stories live. Discover now