C_45

2.5K 309 40
                                    

KyungSoo လမ်းတစ်လျှောက်လုံး စိတ်လောနေမိသည်။အရှေ့ခန်းမှ ကားဆရာဦးလေးကြီးကိုလည်း မြန်မြန်မောင်းပေးရန် ခဏခဏလောဆော်နေမိသည်မို့ ကိုယ့်ကိုအမြင်ပင်ကပ်နေလောက်ပြီ။

နောက်ဆုံး သူနဲ့ဝေးကွာနေခဲ့ပေမဲ့ရင်းနှီးနေဆဲဖြစ်တဲ့ အဆောက်အဦးရှေ့ရောက်တော့ ရပ်တန့်သွားသောကားပေါ်မှ ကျသင့်ငွေရှင်းကာ အလောသုံးဆယ်ပြေးဆင်းခဲ့သည်။

"ဟာ KyungSoo လေးမတွေ့ရတာတောင်ကြာပြီ"

သူကုမ္ပဏီအပေါက်ဝရောက်တော့ ရင်းနှီးနေတဲ့လုံခြုံရေးဦးလေးကြီးက သူ့ကိုမှတ်မိနေဆဲဖြစ်ကာ နှုတ်ဆက်လာသည်မို့ သူပြုံးပြကာပြန်နှုတ်ဆက်လိုက်သည်။

အခုချိန်သူKim Jongin ဆီရောက်ဖို့ကအရေးကြီးနေတာမို့ သေချာမနှုတ်ဆက်နိုင်သည့်အတွက် ရိုင်းပြသွားနိုင်ပေမဲ့ မတတ်နိုင်။

အထဲရောက်တော့ ဓာတ်လှေကားထဲဝင်ကာ Kim Jongin ရုံးခန်းရှိတဲ့အထပ်ကိုနှိပ်လိုက်သည်။ချွေးစေးတွေထွက်နေတဲ့ လက်နှစ်ဖက်ကိုအချင်းချင်းဆုပ်ကိုင်ထားပြီး မြန်မြန်ရောက်ဖို့သာ စိတ်ထဲမှဆုတောင်းနေမိသည်။

ထို့နောက် တင်ခနဲ မြည်သံနှင့်အတူပွင့်သွားသော ဓာတ်လှေကားတံခါးမှ KyungSoo ထွက်လာခဲ့သည်။သွက်လက်လျှင်မြန်နေသောခြေလှမ်းတို့ကတော့ မလှမ်းမကမ်းမှာမြင်နေရတဲ့ တံခါးချပ်တို့တည်ရှိရာဆီ ရွေ့လျားနေသည်။

ရုံးခန်းရှေ့ရောက်တော့ အတွင်းရေးမှူးနေရာတွင် လူမရှိဘဲလစ်ဟာနေသည်။အခန်းထဲမှလည်းဘာအသံမှ မကြားရတာမို့ သူစိတ်လျှော့ကာ လှည့်ပြန်ရန်ဆုံးဖြတ်လိုက်သည်။

"အင်းလေ တစ်နေရာရာသွားတာနေမှာပေါ့...."

KyungSoo တင်းထားသမျှစိတ်တို့အကုန်လျှော့ကာ ခြေလှမ်းတို့အားဦးတည်ချက်ပြောင်းရန်လှည့်လိုက်ချိန် အခန်းတွင်းမှ ပန်းအိုးကျကွဲသံကြားလိုက်ရသည်။

အံ့ဩမှုကြောင့်ဝိုင်းစက်သွားသောမျက်ဝန်းအစုံနှင့်အတူ ပွင့်ဟသွားသောနှုတ်ခမ်းဖူးဖူးလေးမှ အာမေဋိတ်သံပင်ထွက်လာခဲ့သည်။

"ဘာလဲ! လူမရှိဘူးမဟုတ်ဘူးလား?!"

ထို့နောက် မရေရာမှုကိုအတည်ပြုချင်သဖြင့် တံခါးလက်ကိုင်ကိုဖြေးဖြေးချင်းဆွဲလှည့်လိုက်သည့်အချိန် မယုံကြည်နိုင်စရာကောင်းသည့်မြင်ကွင်းက ဆီးကြိုနေပြန်သည်။

 《《Sweet Lies》》Where stories live. Discover now