Sweetness overload

2.2K 210 9
                                    

"KyungSoo ဖြစ်ပါ့မလား? မင်း အနည်းဆုံးတော့ Jongin hyung ဆီဖုန်းဆက်သင့်တယ်မလား?"

Baekhyun သူ့ရှေ့မှာ အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည်စမ်းဝတ်ကြည့်နေတဲ့ KyungSoo ကို သူတို့ club သွားမည့်အကြောင်း Jongin hyung ကိုအသိပေးရန် ဖြောင်းဖြနေပေမဲ့ KyungSoo က ဂရုမစိုက်ဘဲ ပခုံးလေးသာ တစ်ချက်တွန့်ပြသည်။

အဲ့ကောင်ဟာလေ Jongin hyung ကအလိုလိုက် ဖူးဖူးမှုတ်ထားတော့ ရောင့်တတ်နေတာ။ အလိုလိုက်လေ ပိုဆိုးလေ ဆိုတာဒါမျိုး။

Baekhyun စိတ်ထဲကနေ အမျိုးစုံပြောဆိုနေပေမဲ့  အပြင်ဘက်မှာတော့ ဘာမှမပြောရဲပေ။ တကယ်သာ သူပြောကြည့်လိုက်ပါလား 'အားကျနေတာမလား' ဆိုပြီး ပြန်မေးလာမယ့် KyungSoo ရဲ့ချေပသံကို သူမကြားချင်ဘူးလေ။

အကူအညီတောင်းရန် JongDae ကိုကြည့်လိုက်တော့ ပြတင်းပေါက်နားတွင် တိုးတိုး တိုးတိုးနဲ့ ဖုန်းပြောနေသည်။ တစ်ခါတလေလည်း ထထရယ်သေးသည်။ မသိရင် အခုမှ ရည်းစားထားဖူးတဲ့ ဆယ်ကျော်သက် ပေါက်စလေးလို ငယ်မူပြန်နေတဲ့ Kim JongDae က တစ်နေ့ဆယ့်နှစ်ခါလောက် ဖုန်းပြောနေတတ်သည်။ အင်းလေ သူ့ခင်ဗျာလည်း အဖြေရတာမှ မကြာသေး MinSeok hyung က ရက်ရှည်ခရီးထွက်သွားတော့ လွမ်းနေမှာပေါ့။

Do KyungSoo ကို ဘယ်လိုဆက်ပြီး ဖြောင်းဖြရမလဲ သူမသိတော့ဘူး။ပြောနေတာ အခါတစ်ရာမကတော့ဘူး၊ ပါးစပ်အမြုပ်ထွက်တော့မယ်။ ကိုယ်တော်ချောကတော့ တက်ကြွနေတာများ တစ်ထည်ပြီး တစ်ထည် မကြိုက်မချင်းကို သဘောတွေ့ချနေတော့တာပဲ။ အဲ့လိုဆိုပြီး လွှတ်ပေးထားပြန်ရင်လည်း Jongin hyung က လွှတ်ပေးထားရကောင်းလားဆိုပြီး ဆူဦးမယ်။

"ဘာမှမစိုးရိမ်ပါနဲ့ Byun Baek ရယ်။ တစ်ခါမှမသွားဖူးလို့ စမ်းသွားကြည့်တာပဲကို။ပြီးတော့ ခဏလေးပဲ သွားမှာလေ။ ကိုကိုသိရင် ငါ့ကိုလွှတ်မှာမဟုတ်ဘူး။ သူက သူသာ အဲ့ကို ချောင်းပေါက်မတတ်သွားတာ၊ငါ့ကိုဆို ယောင်လို့တောင် မသွားခိုင်းဘူး"

တီရှပ်အနက်ရယ်၊leather jacket ရယ်၊ဂျင်းအနက်ရယ် နဲ့ တစ်ကိုယ်လုံး all black နေတဲ့ ကိုယ်တော်က စိတ်လှုပ်ရှားနေတဲ့မျက်နှာနှင့် သွားချင်တယ်ချည်းလုပ်နေတော့ Baekhyun လက်မြှောက် အရှုံးပေးရတော့သည်။

 《《Sweet Lies》》Where stories live. Discover now