တဖြည်းဖြည်းမှောင်လာတဲ့ ကောင်းကင်ကြီးအောက်မှာ တိုက်ခတ်လာတဲ့ ပင်လယ်လေတွေကို အံတုပြီး Jongin ဆွဲခေါ်လာရာနောက်ကို KyungSoo တရွတ်တိုက်ပါလာခဲ့သည်။
ညနက်လာတာနဲ့အမျှ လေအေးကလည်း တဖြည်းဖြည်း တိုက်ခတ်လာတာမို့ shirt လေးသာ ဝတ်ထားသည့် KyungSoo အဖို့ လေတစ်ချက်ဝှေ့လိုက်တိုင်း အသားထဲစိမ့်ခနဲပင်..
ဒီကြားထဲ တင်းကျပ်စွာဆုပ်ကိုင်ခြင်းခံထားရတဲ့ လက်ကောက်ဝတ်ကလည်း အသားများပင်နီလာကာ တဆစ်ဆစ်ဖြင့်နာလာသည်။
ဒါကို သတိပင်မထားမိသည့် Kim Jongin ကတော့ သူသွားချင်သည့်နေရာသို့ရောက်အောင် KyungSoo ကိုအတင်းဆွဲခေါ်ကာ ခြေလှမ်းကျဲများဖြင့်လျှောက်လှမ်းနေသည်။
KyungSoo ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ သူ့အိမ်နှင့် တော်တော်ပင်ဝေးနေပြီဖြစ်သည်။ ကမ်းခြေဘက်ကိုခေါ်လာတာသိပေမဲ့ ဘယ်နေရာအထိများသွားချင်နေတာလဲ? ရှေ့ဆက်လျှောက်ရင် ပင်လယ်ကြီးပဲရှိတော့သည်။ ဘေးတွင်လည်း ကျောက်ဆောင်တွေအပြည့်...
"ကိုကို...ကိုကို...လက်ကိုလွှတ်ပါဦး။ ကလေးလက်နာလာပြီ"
သူအတင်းရုန်းပေမဲ့လည်း Jongin ကပိုပြီး တင်းတင်းဆုပ်ကိုင်လိုက်တာမို့ ဆစ်ခနဲနာသွားသေးသည်။ ကိုကို မမြင်ဘူးလား? ဒီမှာကလေးနာကျင်လွန်းလို့ အော်နေတာကို မမြင်ဘူးလား? ဘာလို့လျစ်လျူရှုရတာလဲ?
"ကိုကို! ဒီမှာလက်နာလာပြီ! လွှတ်တော့ဆို..ဘယ်အထိဆက်သွားမလို့ လုပ်နေတာလဲ? ဒီမှာပဲရပ်!"
KyungSoo ပြောလို့မရတဲ့အဆုံး Jongin ကိုင်ထားတဲ့သူ့လက်ကို အားထည့်ကာ အတင်းရုန်းပြီး ဆွဲချလိုက်တော့မှ လွတ်သွားသည်။
သူ့လက်ကောက်ဝတ်ကို သူကြည့်လိုက်တော့ လက်ချောင်းရာတွေနဲ့ နီရဲနေကာ စပ်ဖြင်းဖြင်းပင် ဖြစ်လို့နေသည်။ နာလိုက်တာ...အရမ်းနာတာပဲ...ဒါပေမဲ့ ရင်ဘတ်ထဲက ပိုနာတယ်သိလား?
"ကဲပြော! ဘာကို သူခိုးကလူပြန်ဟစ်တယ်လို့ ပြောရတာလဲ? မင်းက ဘာတွေသိနေလို့ ငါ့ကိုအဲ့လိုပြောရတာလဲ?!"
Jongin ကနာကျင်ကာ သွေးထွက်လုမတတ်ဖြစ်နေတဲ့ သူ့လက်ကောက်ဝတ်ကို ဂရုမစိုက်ဘဲ ရပ်ရပ်ချင်း KyungSoo ရဲ့ လက်မောင်းနှစ်ဖက်ကို တင်းတင်းဆွဲကိုင်ကာ လှုပ်ယမ်းရင်းမေးတော့ KyungSoo မခံနိုင်စွာ မျက်ရည်ဝဲသွားမိသည်။
YOU ARE READING
《《Sweet Lies》》
FanfictionKim Jongin It's your fault that you believe everything what I say. Do KyungSoo I know it's a lie...but let me believe those sweetest lies of yours... #angst # by K_B_Kai🍀