C_35

3.2K 398 75
                                    

  ( BGM for this chap:☝)

                             ☆☆☆

  "ကလေး........"

"ကလေး ကိုကို့ဆီပြန်လာပေးပါ...."

Jongin အကြောင်းပြချက်မရှိဘဲ မျက်စိရှေ့မှ နံရံအဖြူရောင်အားငေးမောနေရင်း စိတ်ထဲရှိသည့်စကားကိုသာ ရေရွတ်နေမိသည်။

သူနောက်တစ်ဖန်နိုးထလာကတည်းက ဒီစကားတစ်ခွန်းကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ တိုင်တည်ပြောနေပေမဲ့ ဘာဆိုဘာမှဖြစ်မလာခဲ့ဘူး။

သူကြုံတွေ့နေရတာတွေအားလုံးက အစစ် အမှန်မဟုတ်တဲ့ အိမ်မက်တစ်ခုမျှသာလို့ သူယုံကြည်ချင်နေသေးတာမို့ သူဆက်လက်တမ်းတနေမိသည်။

သို့ပေမဲ့ မည်သည့်ပြောင်းလဲမှုမှရှိမလာတဲ့ ဒီဆေးရုံအခန်းထဲမှာ ဆရာဝန်နဲ့ nurse မတွေအလှည့်ကျဝင်ထွက်နေတာကလွဲရင်၊အားတဲ့အချိန်တိုင်း  Chanyeolကလူနာလာစောင့်ပေးတာကလွဲရင် ဘာမှဖြစ်မလာခဲ့ဘူး။

သူ Chanyeol ကိုအတင်းအကျပ်မေးမှ သိခဲ့ရတဲ့ ကလေးကို အခုထိရှာဖွေနေတုန်းဆိုတဲ့ သတင်းအစအနလေးကလွဲပြီး ဘာမှသူသိခွင့်မရဘူး။

ကလေး ဘယ်ရောက်နေတာလဲကွာ...ကိုကို့ ခံစားချက်တွေ ဖွင့်ပြောမယ်လေ ကလေးရာ...ကိုကို ခံစားနေရတာတွေကို ကလေးသိအောင် ကိုကိုအသိပေးတော့မယ့်အချိန်ကျမှ ကလေးကဘာလို့ကိုကို့ရှေ့က ပျောက်ကွယ်သွားရတာလဲကွာ...

အင်း...ထာဝရအနားမှာမရှိတော့တာထပ်စာရင် တော့ အခုလိုအခြေအနေလေးက ကိုယ့်အတွက်အဆင်ပြေပါသေးတယ်။ ကိုယ့်မှာမျှော်လင့်ချက်ရှိသေးတယ်လေ...ကိုယ်ကလေးကိုလိုက်ရှာခွင့်ရှိသေးတယ်။

ကလေးသာ လုံအောင်ပုန်းနေပါ။ အကယ်၍ ကိုယ်သာတွေ့သွားခဲ့ရင် နောက်ထပ်ဘယ်မှထွက်ပြေးလို့မရတော့အောင် ကလေးကို ကိုယ့်ရဲ့နှလုံးသားလှောင်အိမ်လေးထဲမှာ ထာဝရ သိမ်းဆည်းထားမယ်။

ကိုယ့်နှလုံးသားရဲ့တကယ့်အစစ်အမှန်ပိုင်ရှင်ဖြစ်တဲ့ မင်းလေးကို ဘယ်တော့မှ လွတ်မြောက်ခွင့်ပေးတော့မှာမဟုတ်ဘူး။ ကိုယ့်အချစ်တွေနဲ့ နစ်မွန်းအောင်ကို ဘယ်သူ့မှလိုက်မမှီတဲ့ချစ်ခြင်းမျိုးနဲ့ ချစ်ပေးမှာမို့ ကလေးသာပြန်လာခဲ့ပေးပါ.....

 《《Sweet Lies》》Where stories live. Discover now