Real C_18

2.6K 349 36
                                    

"Xing hyung ပြန်သွားပြီလား hyung??"

KyungSoo ကျောင်းဆင်းလို့ အိမ်ရောက်သည်နှင့် ဧည့်ခန်းတွင် တီဗီထိုင်ကြည့်နေသော အကိုဖြစ်သူအားမေးလိုက်သည်။

"အင်းပြန်သွားပြီ...သူ့ကော်ဖီဆိုင်သွားရဦးမယ်လေ Kyungie ရယ်"

လှေကားပေါ်တက်ခါနီးသူ့ကို ကြည့်လက်စ တီဗီမှ အကြည့်လွှဲကာ သမင်လည်ပြန်ကြည့်ရင်း ပြောတဲ့သူ့အကိုကို KyungSoo ရယ်ချင်နေတဲ့မျက်နှာဖြင့်

"ဒါဆိုလည်းပြီးရော...တော်သေးတာပေါ့ ကျွန်တော်ပြန်မလာခင်ပြန်သွားလို့။ မဟုတ်ရင်....."

"တော်စမ်း ဟေ့ကောင်လေး! သွားအင်္ကျီလဲစရာရှိလဲ။ပြီးရင် ဆင်းလာခဲ့။ ပြောစရာရှိတယ်"

Suho ပြောစကားအဆုံး KyungSoo ရယ်ချင်သည့်စိတ်ကိုထိန်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ အခန်းဆီသို့ အမြန်ဦးတည်လိုက်သည်။

အခန်းထဲရောက်တာနဲ့ လွယ်ထားတဲ့ လွယ်အိတ်ကို ထိုင်ခုံပေါ် ဗုန်းခနဲပစ်ချကာ လူကတော့ ကုတင်ပေါ်ပစ်လှဲချလိုက်သည်။

အင်္ကျီအိတ်ထဲက ဖုန်းလေးကို ထုတ်ကြည့်ပြီး အကယ်၍....အကယ်၍ ကိုကိုများ ဖုန်းခေါ်ထားဦးမလားဆိုပြီး ကြည့်လိုက်မိသေးသည်။

ဘာnoti မှ မရှိတဲ့ screen ကိုမြင်လိုက်ရတဲ့ တစ်ခဏ KyungSoo ဟက်ခနဲ တစ်ချက်ရယ်လိုက်မိသည်။

'Do KyungSoo ရယ် မင်းဘယ်တော့များမှ မှတ်မှာလဲ...'

Missed call noti မပြောနှင့် message တစ်ကြောင်းတောင်ဝင်မလာတဲ့ ဖုန်းလေးကိုကြည့်ပြီး သူသက်ပြင်းတစ်ချက်ချလိုက်သည်။

မနက်ကပို့သည့် message ကလွဲပြီး message  အသစ်ပို့မလာသည့် ကိုကို...ကြည့်ရတာ ထုံးစံအတိုင်း အလုပ်တွေများနေပြန်ပြီထင်ပါရဲ့...သူမှနားမလည်ပေးရင် ဘယ်သူက ကိုကို့ ကိုနားလည်ပေးမှာလဲလေ...

'လွမ်းတယ် ကိုကိုရေ....တွေ့ပြီးရင်းတွေ့ချင်နေလောက်တဲ့အထိကို လွမ်းတယ်...မျက်နှာမြင်ရတာတောင် လွမ်းနေတုန်းပဲဆို!'

KyungSoo အလွမ်းပြေကြည့်ဖို့ ကိုကို့ဓာတ်ပုံဆိုလို့ သူ့ဖုန်းwallpaper တစ်ခုသာရှိသည်။

 《《Sweet Lies》》Where stories live. Discover now