C_22( Edit one)

2.8K 389 31
                                    

    

      KyungSoo cakeဆိုင်ကပြန်လာကတည်းက ထိုင်မရထမရဖြင့် ညနေအတွက် ရင်တုန်နေသည်။သူ Xing hyung ဆိုင်ကို သွားဖို့အချိန်ကလည်း နီးလာပြီမို့  သူကိုက်ထားလို့ ကုန်လုနီးပါးဖြစ်နေသည့် လက်သည်းလေးတွေကို တတိတိထပ်ကိုက်ကာ အခန်းထဲတွင် ဟိုဖက်ဒီဖက် လျှောက်နေသည်မို့
ကြာလာတော့ သူ့ကိုလိုက်ကြည့်နေတဲ့ Baekhyun နဲ့ Chen တို့နှစ်ယောက် မျက်စိနောက်လာသည်။

" Yah!! Do KyungSoo မင်းရပ်မလား? ငါတို့ပြန်ရမလား?"

နောက်ဆုံးသည်းမခံနိုင်တော့တဲ့ Chen ကသူထိုင်နေသည့် KyungSoo အိပ်ရာပေါ်မှ ဂဏာမငြိမ်ဖြစ်နေသည့်KyungSoo ကိုလှမ်းအော်ပြောသည်။

"ဟုတ်ပ! မျက်စိနောက်လာပြီကြည့်ရတာ...မသိရင်ပဲအခုမှစတွဲတဲ့သူတွေကျနေတာပဲ!"

အမြဲသူ့ကိုပြောဖို့ဆိုရင် ရှေ့သွားနောက်လိုက်အတိုင်အဖောက်ညီလွန်းတဲ့ သူငယ်ချင်းနှစ်ယောက်ကို KyungSoo လမ်းလျှောက်နေရာမှရပ်ပြီး စူးရှသောအကြည့်တို့ဖြင့် တစ်ချက်ကြည့်လိုက်သည်။

"အဲ့လိုဝိုင်းမပြောကြနဲ့လေကွာ! မင်းတို့လည်းသိတဲ့အတိုင်း ငါကဒီနေ့ညနေပွဲလေးကို အရမ်းမျှော်လင့်ထားတာကို! ငါတို့နှစ်ယောက်ရဲ့ ပထမဆုံး anniversary မို့လို့ ဘာအနှောင့်အယှက် ဘာအခက်အခဲမှမရှိစေချင်ဘူး။ အဲ့ဒါတစ်ခုခု  လွဲချော်မှာစိုးလို့ ရင်တုန်နေတာ..."

ပြောနေရင်းပင် ထိုင်နေသည့် Baekhyun နဲ့ Chen တို့နှစ်ယောက်၏ အလည်သို့ အတင်းတိုးကာ ဝင်ထိုင်လိုက်သည်။

"ဘယ်လိုတွေတောင်ဝင်တိုးပြီးထိုင်နေတာလဲ Do KyungSoo!! လွတ်လွတ်လပ်လပ်သွားထိုင်စမ်းပါကွာ..."

Baekhyun သူတို့ကြားအသည်းအသန်ဝင်ထိုင်နေတဲ့ KyungSoo ကိုအတင်းတွန်းချနေသည်။ကုတင်ကတော်တော်ကြီးသည်ဆိုတော့ မရမက ဝင်တိုးနေတာ -.-

"ငါ့အိပ်ရာပေါ်တက်ထိုင်ပြီး ငါ့ကိုများ ပြန်တွန်းချနေတယ်။ နေစမ်းပါကွာ ငါတော်တော်ရင်ခုန်နေတာဆို၊ဒီမှာကိုင်ကြည့် လက်ဖျားတွေ အေးနေတာ။ ခြေဖျားရော စမ်းကြည့်ဦးမလား.."

မရမကအတင်းတိုးခွေ့နေတဲ့ KyungSoo ကို Baekhyun ဘာမှမပြောဘဲ လွှတ်ထားလိုက်တော့သည်။ ဒါတောင် လက်ဖျားတွေအေးနေပါတယ်ဆိုပြီး သူ့လက်ကိုထိုးပေးကာ ခြေထောက်ပါအတင်းစမ်းခိုင်းနေသည်။

 《《Sweet Lies》》Where stories live. Discover now