C_43

2.8K 352 35
                                    

"အာ hyung ဘာလို့အသည်းအသန်သွားမယ်ပြောနေတာလဲ!? ကျွန်တော်က hyung အလုပ်လုပ်တဲ့နေရာကို ကြည့်ချင်လို့ တကူးတကလာခဲ့တာကို"

KyungSoo ဒီနေ့မပြောမဆိုဖြင့် JiWon အလုပ်လုပ်သည့်နေရာကိုကြည့်ချင်သည့်စိတ်ပေါက်လာတာမို့ အကြောင်းမကြားဘဲ taxi စီးကာရောက်လာခဲ့သည်။

သူ့ကိုတွေ့တွေ့ချင်းအံ့ဩသွားတဲ့ hyung ရဲ့မျက်ဝန်းတွေက စစတုန်းက ဝမ်းသာတဲ့အရိပ်အယောင်ပြပေမဲ့ ခဏကြာတော့ ဘာလို့မှန်းမသိ ထိတ်လန့်သောအရိပ်တွေပါ ဖြတ်ပြေးသွားသည်။

ခါတိုင်းဆို သူ့အလုပ်နေရာကို ကိုယ်မကြည့်ချင်ရင်တောင် တစ်ရက်ပဲဖြစ်ဖြစ် ခေါ်ပြနေကျသူက အခုကြည့်ချင်တယ်လည်းဆိုရော အတင်းကာရောငြင်းဆိုနေသည်မှာ ထူးဆန်းနေတာတော့အမှန်ပင်။

"ဒီနေ့တော့မဖြစ်ဘူး ကောင်လေးရဲ့။ လုံးဝမဖြစ်ဘူး။ အဲ့ဒါကြောင့် မကြည့်နဲ့နော် ကိုယ်နောက်နေ့မှပြမယ်လေကွာ။ကောင်လေးက လိမ္မာပါတယ်နော်"

မရမက ပခုံးကနေ သာသာလေးပြန်လှည့်ကာ ချော့မော့ပြောနေပေမဲ့ သူကိုက ထူးထူးဆန်းဆန်း ဒီနေ့မှ hyung အလုပ်ကိုလာချင်နေတာခက်သည်။

"ဟာ hyung ကလည်း ခဏလေးကြည့်ရင်တောင်မရဘူးလား..ဟင်?"

KyungSoo မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ JiWon hyung ကိုသနားလာမလားဆိုသည့်ရည်ရွယ်ချက်ဖြင့် အနည်းငယ်မျှ နူးနူးညံ့ညံ့လေးပြောလိုက်ပေမဲ့ hyungက ခဏသာကြောင်သွားပြီး သူ့ကိုယ်သူပြန်သတိပေးတဲ့အနေနဲ့ ခေါင်းခါလိုက်သည်။ပြီးမှ တောင်းပန်သည့်အကြည့်ဖြင့်သူ့ကို ငုံ့ကြည့်လာကာ
"ကိုယ်တကယ်ပြောနေတာပါကောင်လေးရာ..တကယ်ဒီနေ့ကလွဲရင် ကျန်တဲ့နေ့တွေလာလို့ရတယ် ဟုတ်ပြီလား?"

Hyung မျက်နှာပေါ်က တကယ်အဆင်မပြေဘဲ အခက်တွေ့နေသည့်အမူအရာကြောင့် သူဆက်ပြီးစိတ်ဒုက္ခမပေးချင်တော့တာမို့ ခေါင်းငြိမ့်လိုက်သည်။

"ဒါပေမဲ့ အဲ့အစား နေ့လည်စာကို ကျွန်တော်ကြိုက်တဲ့ဆိုင်မှာလိုက်ကျွေးရမယ်"

သူ့တောင်းဆိုသံအဆုံး အခုမှ ပျော်ရွှင်လာတဲ့အရိပ်အယောင်နဲ့ hyung ကခေါင်းလေးကိုပုတ်ကာ သူ့ဆံပင်လေးတွေကို ဆွဲဖွလာသည်။

 《《Sweet Lies》》Where stories live. Discover now