Bitter Sweet

1.9K 230 12
                                    

"ကလေးရေ!! ကလေး!!"

Kim Jongin တို့တစ်ယောက် ထုံးစံအတိုင်း မနက်ရောက်ပြီဆိုတာနဲ့ သူ့ကလေးအိမ်ကို မနက်စာလာပို့ရပြန်သည်။
မဟုတ်ရင် အပျင်းတစ်လေးက ဘာမှထမစားတာမို့ သူကပဲ ဂရုတစိုက်နဲ့ တကူးတက လာပို့ပေးပြီး မစားစားအောင် တိုက်တွန်းပေးနေရသည်။

အခုလည်း လက်နှစ်ဖက်လုံးအပြည့်အလျှံဝယ်လာကာ တကြော်ကြော်နဲ့ အော်ခေါ်နေပေမဲ့ ကာယကံရှင်လေးက နိုးသေးပုံမပေါ်။ Suho hyung ကတော့သေချာပေါက် အိမ်မှာရှိမှာမဟုတ်လောက်။ ဘာလို့ဆို အသည်းပိုလွန်းတဲ့ သူတို့နှစ်ယောက်ကိုမြင်ရတာ အမြင်ကတ်လို့ဆိုလားပဲ အမြဲအစောကြီး အိပ်ရာထကာ Xing hyung ရဲ့ ကော်ဖီဆိုင်ပဲ သွားနေတတ်သည်။

Suho hyung ပြောသလို အသည်းပိုတာမဟုတ်ပေမဲ့ ဒီကလေးလေးကို သူမှဂရုမစိုက်ရင် ဘယ်သူဂရုစိုက်မှာတဲ့လဲ? Suho hyung ကလည်း သူ့ညီသူ ဂရုစိုက်တယ်ဆိုပေမဲ့ ကိုယ်နဲ့တော့ဘယ်တူပါ့မလဲ။ ဒီလူက ဖြစ်နိုင်ရင် အလုပ်ကိုတောင် ခေါ်သွားချင်ပေမဲ့ တစ်နေ့လုံးကြီး ကလေးပျင်းနေမှာဆိုးလို့သာ။

ဒါပေမဲ့လည်းမထူးပါဘူး။ မနက်စာသူကလာပို့ပြီး အတူတူစားလိုက်။ ပြီးတော့ နေ့လည်စာစားချိန်ရောက်တော့ ကလေးက သူ့ဆီလာပြီး အတူတူစားလိုက်၊ ညစာစားချိန်ရောက်တော့လည်း သူရုံးဆင်းတာနဲ့ ကလေးကိုဝင်ခေါ်ပြီးစားတာနဲ့ တစ်ချိန်လုံးကို အမြဲတစေ တွေ့နေကြတာဆိုတော့ ဘေးလူတွေ အမြင်ကတ်ကြတာ မဆန်းတော့ပါဘူး။

"ကလေးရေလို့ ကိုကိုခေါ်နေတာလည်းမကြားပါလားကွ.."

Jongin နောက်ဆုံးတော့ လက်ထဲက အထုတ်တွေကို မီးဖိုချောင်ထဲဝင်ပြီး ထမင်းစားပွဲပေါ်တင်ကာ သူ့ကလေးရှိရာအပေါ်ထပ်သို့တက်ကာ တံခါးဖွင့်ကြည့်လိုက်တော့ ကိုယ်တော်ချောလေးက အိပ်လို့ကောင်းနေတုန်းတဲ့လေ။

Jongin သူ့ကလေးနိုးမှာဆိုးလို့ ခြေသံဖွဖွနင်းကာ ကုတင်ရဲ့တစ်ဖက်ဆီသို့ လျှောက်လာလိုက်သည်။

တလွင့်လွင့်ဖြစ်နေတဲ့ လိုက်ကာစ ကိုကြည့်ရတာ ညကဒီကလေး ပြတင်းပေါက်များပိတ်မအိပ်တာလား? အအေးတွေပက်ပြီး ဖျားကုန်မှဖြင့် ဒီကလူ စိတ်ပူရချည်ရဲ့။

 《《Sweet Lies》》Место, где живут истории. Откройте их для себя