Chapter-52

2K 259 11
                                    


KyungSoo အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးမှောင်မဲနေသည်။ Suho hyung ပြန်မရောက်သေးပုံပေါ်တာမို့ သူ ဧည့်ခန်းမီးကို ဖွင့်လိုက်ကာ ဆိုဖာပေါ်ထိုင်လိုက်သည်။

တစ်ချိန်လုံးစိတ်တင်းပြီး Kim Jongin ရှေ့မှာ အဆင်ပြေချင်ယောင်၊မာကျောချင်ယောင် ဆောင်နေခဲ့ရတာမို့ လူရောစိတ်ရောအရမ်းပင်ပန်းနေပြီဖြစ်သည်။

သူ သက်ပြင်းချရင်း မျက်နှာကို လက်နှစ်ဖက်နဲ့ပွတ်လိုက်ပြီး နောက်ကိုကျောမှီကာ မျက်လုံးတို့ကိုမှိတ်ထားလိုက်သည်။

အရင်တစ်ချိန်က  သူချစ်တဲ့ဒီလူသားနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားရလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်

ဒီလူနဲ့ ဘယ်တော့မှ လက်တွဲမဖြုတ်ဘူးလို့ သန္တိဠာန်ချခဲ့ဖူးတယ်...

ဒါပေမဲ့ အနာဂတ်ဆိုတာ ဘယ်တော့မှ ကြိုတွေးလို့မရဘူးဆိုတာ သူမေ့နေခဲ့တာပဲ..ဒီလိုဖြစ်လာမယ်လို့ သူဘယ်လိုလုပ်ထင်ခဲ့မိမှာလဲ...အမြဲဒီမျက်နှာပဲ တစ်ချိန်လုံးကြည့်၊ပြောသမျှယုံပြီး အရူးတစ်ယောက်လို ပြုမူနေခဲ့တာမလား။ ချစ်လွန်းလို့ကန်းနေခဲ့တဲ့ ကိုယ့်အဖြစ်က ပြန်စဉ်းစားကြည့်ရင် ရယ်စရာတော့ကောင်းနေသား။ အခုတော့ လက်ကျန်သံယောဇဉ်ပါ အကုန်ဖြတ်ပြီး နှလုံးသားပိုင်ရှင်နဲ့ ဝေးရာကိုထွက်သွားတော့မယ်...

မချစ်တော့ဘူးလားမေးရင် အဲ့လိုလဲမဟုတ်ဘူး။

ဒီလူကို သူချစ်လာတာဘယ်နှစ်နှစ်မို့လို့လဲ? ကိုယ်ကသာအရင်စပျိုးထောင်ခဲ့တဲ့ အချစ်မို့ အမြဲအစဉ်မပြတ်ကြီးမားလာတာလေ...အပင်တွေလိုပေါ့..ပျိုးပင်လေးတွေကနေ တဖြည်းဖြည်းကြီးထွားလာတာပဲရှိတယ်လေ။ရပ်နေတာ၊သေးသွားတာမျိုးရှိလို့လား? သူ့အချစ်တွေကလည်း ဒီလိုပဲ။တစ်နေ့တစ်နေ့ ဒီလူ့ကိုပဲ အရိပ်တကြည့်ကြည့်နေနေတာပဲဆိုပြီး သူ့မှာရိုးသွားရတယ်ကိုမရှိခဲ့ဘူး။ သူ့ရဲ့အပြုအမူလေးတွေတစ်ခုချင်းစီတိုင်းက ကိုယ့်အပေါ်သက်ရောက်နေခဲ့တာ။ အဲ့လောက်ထိ ချစ်ခဲ့တာမို့ 'ဒီလူသားကို မချစ်တော့ဘူး' ဆိုပြီး သူ ရတိပြတ်မငြင်းနိုင်ဘူးလေ။

ချစ်နေပါသေးတယ်...ချစ်နေဆဲပါ...အရင်လို တိုးပွားလာတာပဲမရှိတော့တာပါ...

 《《Sweet Lies》》Donde viven las historias. Descúbrelo ahora