C_30

3.1K 429 51
                                    

အင်း...မညာတမ်းဝန်ခံရမယ်ဆိုရင်တော့ တကယ် စိတ်ပူသွားခဲ့မိသည်။

အဲ့စိတ်ပူမှု၊စိုးရိမ်မှုက ဘယ်ကိုဦးတည်တဲ့အရာလည်းဆိုတာ မသိပေမဲ့ ခဏတာ စိုးရိမ်သွားခဲ့မိလို့ မျက်ရည်တွေနဲ့ထွက်ပြေးသွားသည့် သူ့နောက်ကို လိုက်ပြေးရန် ကြိုးစားခဲ့သည်။

ဒါပေမဲ့သွားခါနီး တားမြစ်လိုက်တဲ့ Noona အသံကြောင့် သူရပ်တန့်လိုက်တာ။ လိုက်သွားသင့်တယ်ဆိုတာ သူသိပေမဲ့လည်း ဒီမှာ မိန်းကလေးတစ်ယောက်က ထိခိုက်ဒဏ်ရာ ရထားတာကို ဘယ်လိုလုပ်လျစ်လျူရှုနိုင်မှာလဲ။

ကိုယ့်ကြောင့်လို့တောင် ပြောလို့ရတဲ့ နာကျင်မှုကို သူမခံစားလိုက်ရတာမို့ မျက်ကွယ်မပြုနိုင်ဘဲ သူမကိုသာ ဂရုစိုက်ပေးလိုက်သည်။

အင်းလေ Noonaလည်း စိုးရိမ်မှာပေါ့။ သူ့ချစ်သူက အခြားတစ်ယောက်နောက်ပြေးလိုက်သွားမှာကို။ ဒါပေမဲ့ ဒါတွေအားလုံးက သူရှင်းပြထားပြီးသားအရာတွေမို့ သူမနားလည်ရမည်လေ။

Jongin တံခါးနားမှာပြတ်ကျန်ခဲ့သည့် ဟိုကောင်လေးရဲ့ လက်ကောက်ကိုသာ ကောက်ခဲ့ပြီး သူမဘေးနားနေပေးခဲ့သည်။

မျက်ရည်စလေးတွေနဲ့ ဟိုကောင်လေးဆီ လိုက်ပြေးသွားမည်ဆိုး၍ အသနားခံနေသည့် Noona ရဲ့မျက်ဝန်းတွေကြောင့် သူလိုက်မသွားဖို့ဆုံးဖြတ်ခဲ့တာ။ (သူမထပ် အဆတစ်ရာ နာကျင်မှုကို ဖော်ပြနေသော မျက်ရည်တွေနဲ့ ရွှန်းလဲ့နေတဲ့ ဟိုကောင်လေးရဲ့ မျက်ဝန်းတစ်စုံကို တော့ သူမသိချင်ယောင်ဆောင်နေလိုက်တော့သည်။)

သူမသိခဲ့ဘူး။ အဲ့ကောင်လေး နောက်တစ်ကြိမ်ရောက်လာခဲ့မယ်ဆိုတာ သူမသိခဲ့ဘူး။ သူစိတ်ချလက်ချနဲ့ Noona ရဲ့ ဖန်ကွဲစ စိုက်ဝင်နေတဲ့ ဒဏ်ရာသေးသေးလေးကို အာရုံစိုက်နေတဲ့အချိန် သူရောက်နေခဲ့မယ်ဆိုတာ သူမသိခဲ့တာအမှန်။

နောက်ကျသွားပြီလား။ အရာအားလုံးနောက်ကျသွားခဲ့ပြီလား။ကိုယ့်ရှေ့မှာတင် မေ့လဲကျသွားတဲ့ သူ့ပုံရိပ်က ခေါင်းထဲမှာ တဝဲလည်လည်နဲ့ လုံးဝ ထုတ်လို့မရခဲ့ဘူး။

သူတစ်ပါးရင်ခွင်ထဲမှာ ဖျော့တော့ခွေကျသွားတဲ့ KyungSoo ရဲ့ပုံရိပ်တွေက သူ့ကိုခြောက်လန့်နေတယ်။သူတတ်နိုင်သမျှ အဲ့နေရာဆီ အပြေးသွားခဲ့ပေမဲ့ JiWon ဆိုတဲ့တစ်ယောက်ရဲ့ စူးရဲနေတဲ့ မျက်လုံးတွေက သူ့ကိုတားဆီးခဲ့သည်။

 《《Sweet Lies》》Where stories live. Discover now