C_49

2.1K 283 78
                                    

"Kyungie.....hyung ကြားတာတွေကအားလုံးအမှန်တွေပဲလား။ Xing ပြောတာတော့ JiWon ကဒီမနက်ပြန်မှာဆို။ ဘာတွေဖြစ်ကုန်တာလဲ? Hyung လည်းတစ်ခုမှမသိရပါလား...."

မနေ့က အိမ်ရှေ့မှာ သူနဲ့ Kim Jongin တွေ့နေတာကို Hyung ကမထင်မှတ်ဘဲ မြင်သွားခဲ့သည်တဲ့လေ။ အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ Hyung က မေးခွန်းတွေပြည့်နှက်နေသည့်အကြည့်ဖြင့် သူ့ဆီက ဖြေရှင်းချက် တောင်းနေပေမဲ့ သူအရမ်းပင်ပန်းလွန်းနေတာမို့ မနက်မှရှင်းပြမည်ဆိုတာ အချိန်ဆွဲခဲ့လိုက်သည်။

ကြည့်ရတာ ညက Xing hyung က JiWon hyung ကိစ္စပါပြောလိုက်တယ်ထင်ပါရဲ့။ မနက်မိုးလင်းတာနဲ့ အခန်းတံခါး လာခေါက်ကာ စကားပြောရန် အောက်ထပ်ဆင်းလာခိုင်းသည်။

"ဟုတ်တယ် hyung...ကျွန်တော် JiWon hyung နဲ့လမ်းခွဲလိုက်ပြီ"

Hyung ကိုမျက်နှာမပြရဲ၍ သူခေါင်းငုံ့ပြီးသာဖြေလိုက်သည်။  သူ့ဆုံးဖြတ်ချက်ကို Hyung စိတ်ဆိုးနိုင်လောက်တယ်ဆိုတော့ ပြောသမျှခံဖို့သူအဆင်သင့်ဖြစ်နေပေမဲ့ ထင်ထားတာနဲ့တခြားစီ Hyung ဆီကသူမျှော်လင့်ထားသလို ဆူပူသံကိုမကြားရဘဲ သက်ပြင်းချသံသာကြားလိုက်ရသည်။

"Hyung က မင်းဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ဘာမှမပြောဘူး Kyungie။ မင်းဘဝအတွက် မင်းပျော်မယ်ထင်တဲ့ဆုံးဖြတ်ချက်ပဲချပါ။ Hyung ဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ Kyungie ပင်ပန်းနေတယ်ဆိုရင်ပဲဖြစ်ဖြစ်၊ရင်ဖွင့်ချင်ရင်ပဲဖြစ်ဖြစ် ဒီHyung တစ်ယောက်လုံးရှိတယ်နော်"

Suho hyung ရဲ့စကားကြောင့် KyungSoo မျက်ရည်ပင်ဝဲမိသည်။ သူ့ Hyung ကဘယ်လောက်ပဲ တစ်ဝမ်းကွဲပြောပြော သူ့အပေါ်ညီအရင်းတစ်ယောက်လို တကယ်ချစ်သည်။ သူဆိုးသမျှ၊သူ့အနွံတာအကုန်ခံကာ ဒီလိုမျိုး သူနဲ့အတူလာနေပေးတာကိုက သူတကယ်ပျော်ရွှင်မိသည်။

KyungSoo သူ့နေရာတွင်ထိုင်နေရာမှထကာ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော Suho ရဲ့ဘေးသို့ပြောင်းထိုင်ပြီး ရင်ခွင်ထဲတိုးကာ ဖက်လိုက်သည်။

"အား.....အခုမှ အားတွေပြည့်သွားသလိုပဲ။ တကယ်ငါ့ Hyung ရင်ခွင်ကအကောင်းဆုံးပဲ"

KyungSoo စကားကြားတော့ အခုမှ သတိရလာသမျိုး Suho ကအလန့်တကြား KyungSoo ကိုငုံ့ကြည့်လာသည်။

 《《Sweet Lies》》Where stories live. Discover now