C_12

3.2K 402 95
                                    

Ji Won ရေမိုးချိုးပြီး နာရီကြည့်လိုက်တော့ နာရီဝက်ပြည့်ရန် ဆယ့်ငါးမိနစ်သာလိုတော့သည်။

တော်သေးသည်က အင်္ကျီကြိုထုတ်ထား၍ပင်။ ပြီးတော့ အမြန်ပင် တဘတ်သုတ်ကာ အင်္ကျီဝတ်ရန်ပြင်ရတော့သည်။

သူ အင်္ကျီအပြာအကွက်လေးအားဝတ်လိုက်ကာ အောက်မှာတော့ အနက်ရောင် skinny jean သာဝတ်လိုက်သည်။ ပြီးတော့ Bomber jacket ကိုထပ်ဝတ်လိုက်သည်။ထို့နောက် နာရီဝတ်၊ ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်၊ ဖုန်းကိုလက်ကကိုင်ပြီး ကင်မရာအား လည်ပင်းဆွဲကာ ထွက်လာခဲ့သည်။

ဒါတောင် မှန်မကြည့်ခဲ့ရဘူး။

သူ ကားဂိတ်ရောက်တော့ နာရီဝက်ကွက်တိပင်။သူမျက်လုံးဝေ့ကာ ကောင်လေးအားရှာလိုက်တော့ သူနဲ့မနီးမဝေးတွင် မတ်တပ်ရပ်နေသော ကောင်လေးအားတွေ့လိုက်ရသည်။

သူ့ထပ်အရင်ကြိုရောက်နေတယ်ထင်ပါ့။ ကောင်လေးကြည့်ရတာ ဝီရိယကောင်းသည့်လူမျိုးထင်သည်။

သူကောင်လေးရှိသည့်နေရာသို့လျှောက်သွားတော့ သူအနားရောက်ခါနီး ကောင်လေးသူ့အားမြင်သွားကာ လှည့်လာသည်။

နီးလာလေ ကောင်လေးအားပိုမြင်ရလေ သူ့ရင်တွေပိုခုန်လာသလိုပင်။ ကောင်လေးဒီနေ့အရမ်းချစ်ဖို့ကောင်းနေသည်။ Shirt ပန်းရောင်လေးရယ်၊ ကာကီရောင် ဘောင်းဘီကွာတားလေးရယ်နဲ့ ကောင်လေးကအခုမှ ကလေးနှင့်ပို တူသွားသလိုလို... သူနဲ့ယှဉ်လိုက်ရင် ကိုယ်ဝတ်လာသည်က Arrjushi ဒီဇိုင်း

သူအနားရောက်တော့ ကောင်လေးအား အားပါးတရပြုံးပြလိုက်သည်။

"လာပြန်ပြီ ဒီလူယုတ်မာအပြုံး"

ကောင်လေးပြောလိုက်သည့်စကားကြောင့် Ji Won ဆက်ပြီးပဲပြုံးရမလိုလို၊ ချက်ချင်းပဲ တည်လိုက်ရမလိုလို ဖြစ်သွားသည်။

"KyungSooရာ ...အဲ့လိုမပြောစမ်းပါနဲ့။ ကိုယ်က မင်းကိုတွေ့တော့ ပျော်လွန်းလို့ ပြုံးလိုက်တာပါ"

သူ ရှက်သလိုလို ပြောတော့ သူ့အပြောကြောင့် ကောင်လေးရယ်လာသည်။

သူကောင်လေးရယ်တာ အခုမှမြင်ဖူးတာပင်။ အသည်းပုံနှုတ်ခမ်းလေးနဲ့...ဘာလို့အဲ့လောက် တောင်ချစ်ဖို့ကောင်းနေရတာလဲ ကောင်လေး!အရာရာတိုင်းပြောစရာမရှိအောင် ပြည့်စုံလွန်းတယ်...ကိုယ့်ကို ကောင်လေးရဲ့အချစ်နွံထဲ နစ်သထက်နစ်အောင် ပြည့်စုံမှုတွေနဲ့ ဆွဲချနေတာလားကွာ~~~

 《《Sweet Lies》》Where stories live. Discover now