C_20

2.4K 379 61
                                    

အထပ်မြင့်၁၂ထပ်မှာရှိတဲ့ သူ့ကွန်ဒို မှန်ပြတင်းပေါက်တွေမှတဆင့် Jonginတစ်ယောက်မတ်တပ်ရပ်ကာ ညဘက်ဆိုးလ်မြို့၏အလှကို အပေါ်စီးမှ ကြည့်နေသည်။

အကြည့်တွေက မှုန်သေသေဖြင့် တစ်စုံတစ်ခုကို သေသေချာချာ တွေးတောနေဟန်...လက်တစ်ဖက်က ဝိုင်ခွက်ကိုင်ထားပြီး ကျန်တစ်ဖက်ကို ဝတ်ထားသည့် ညဝတ်အင်္ကျီထဲလက်ထည့်ထားသည်။

သူ ညနေက Inna Noona ပြောသွားသည့်စကားများကို ပြန်ကြားယောင်နေပြီး အခွင့်အရေးပေးသင့်မပေးသင့်စဉ်းစားနေခြင်းဖြစ်သည်။

အကယ်၍ သူမပြောသွားတာတွေသာ အမှန်ဆို သူခွင့်လွှတ်ပေးသင့်သည်လား...သူ့ဘက်က Inna Noona အပေါ်သံယောဇဉ်ကြိုးမျှင် မပြတ်သေးတာတော့အမှန်။

၎နှစ်ကြာတွဲလာခဲ့တယ်ဆိုတာ နည်းနည်းနောနော သံယောဇဉ်မှ မဟုတ်တာ...Noona အပေါ်ကျန်ရှိနေသေးတဲ့ ခံစားချက်အနည်းငယ်နဲ့ သံယောဇဉ်ကြိုးမျှင်လေးတွေပေါင်းစပ်ပြီး ခွင့်လွှတ်ခြင်းဆိုတဲ့အရာသာ ထပ်ဖြည့်လိုက်ရင်  အရင်လိုဆက်ဆံရေးမျိုးရနိုင်တာသူသိသည်။

သူဝေခွဲမရဖြစ်နေတာက ဟိုကောင်လေးကို စွန့်ပစ်နိုင်လားဆိုတာပဲ။ အဲ့ကောင်လေးမှာ ရှိနေတဲ့ Jongin ကိုယ်တိုင်ဘာဆိုတာအမည်မတပ်နိုင်တဲ့ အရာတစ်မျိုးက သူ့ကို စွန့်ပယ်မသွားအောင်လုပ်နေသလိုမျိုးပဲ...

သူ Do KyungSooကို မချစ်တာတော့ သေချာသည်။ ဒီအတိုင်း_ဒီအတိုင်းNoona သူ့ကိုထားသွားပြီးတဲ့နောက် ကွဲကြေသွားတဲ့နှလုံးသားလေးကို ကုသဖို့အဖော်တစ်ယောက်လိုလို့သာ သူဒီလိုလုပ်ခဲ့တာ...တဖြေးဖြေး အချိန်တွေကြာလာတဲ့နောက်မှာ သူအပျော်အနေနဲ့ လိမ်ညာလှည့်ဖျားကာ ကစားခဲ့သည်။

သူ့ကို ကြည့်တဲ့ Do KyungSoo ရဲ့ဖြူစင်တဲ့အကြည့်တွေကို သူသဘောကျသည်။အမှန်တော့ ဖြူစင်ရိုးသားတဲ့ကောင်လေးတွေက ပျင်းစရာကောင်းတယ်ထင်ရပေမဲ့ လှည့်စားရတာအလွယ်ကူဆုံးပဲ..

သူဘယ်လိုလုပ်ရမလဲ...သူ Noona ကိုလည်း အခွင့်အရေးပေးချင်သလို Do KyungSoo ကိုလည်း ဆက်ဆွဲထားချင်သေးတယ်...

Jongin လက်ထဲမှာကိုင်ထားသည့် ဝိုင်ခွက်ကို ကုန်အောင် တစ်ကြိုက်တည်း မော့လိုက်ပြီး လေးပင်တဲ့သက်ပြင်းချလိုက်သည်။

 《《Sweet Lies》》Where stories live. Discover now