C_11

2.9K 348 17
                                    

       KyungSoo အိပ်ရာကနိုးလာပြီး ဘေးကစင်ပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့  7:00 နာရီပင် ထိုးနေပြီ။

ကြည့်ရတာ အရမ်းပင်ပန်းသွားလို့ထင်ပါရဲ့.... ဘာမှမစဉ်းစားဘဲ အိပ်ရေးဝဝ အိပ်လိုက်ရသည်။ မဟုတ်ရင် ဟိုဟိုဒီဒီ စဉ်းစားမိဦးမှာ....

  KyungSoo သူ့မွေ့ရာပေါ်က ထလိုက်ရင်း သူ့အခန်းဝရန်တာ ဆီသို့ ထွက်လာခဲ့သည်။ ထို့နောက် ပိတ်ထားသည့် မှန်တံခါးအားတွန်းဖွင့်လိုက်တော့ ပင်လယ်ဘက်မှ တိုက်ခတ်လာသည့် လေအေးက သူ့အားလာရောက် ကျီစယ်လေသည်။

သူဝရန်တာတွင်ရပ်ကာ ပင်လယ်ကြီး၏အလှကို တစ်မေ့တမော ငေးကြည့်နေလိုက်သည်။ အပြာရောင်လွှမ်းနေပြီး အဆုံးအစမရှိကျယ်ဝန်းတဲ့ ပင်လယ်ပြာပြာကိုကြည့်ရတာ သူ့စိတ်တွေအေးချမ်းသွားသလိုပင်။

ထို့အပြင် တစ်ဖန်တိုက်ခတ်လာသည့်လေနုအေးလေးကြောင့် သူ့မနက်ခင်းပြည့်စုံသွားရသည်။

သို့သော် ညကလဲဝတ်ထားတဲ့ အဝတ်လေးက ပါးလွန်းတာကြောင့် တဖြည်းဖြည်းအေးလာသလို ခံစားလာရသည်။ ဘယ်လိုပဲဖြစ်ဖြစ် မနေ့က ခရီးပန်းလာတဲ့အရှိန်ကြောင့် လူကဖျားချင်သလိုလိုဖြစ်ထားတာမို့ အအေးပက်ခံလို့မဖြစ်။

   သူအမြန်ပင် တံခါးပြန်ပိတ်ကာ အထဲသို့ပြန်ဝင်လာရသည်။အခုမှ သတိရသည်က သူ Suho hyung ဆီ ရောက်ကြောင်းဖုန်းဆက်ဖို့မေ့နေသည်ဆိုတာပင်။ တော်ကြာ သူ့အစ်ကို စိတ်ပူနေတော့မည်။

ထို့ကြောင့် သူ့စားပွဲပေါ်တွင်တင်ထားသည့် ဖုန်းလေးအား ယူလိုက်ကာ Suho hyung ဆီဖုန်းဆက်ရန်ပြင်တော့ unknown contact ဆီက message တစ်စောင်ရောက်နေသည်ကို မြင်လိုက်ရသည်။

သူလည်း ဘယ်သူမှန်းမသိ၍ ဖွင့်ကြည့်လိုက်တော့

"အိမ်မက်လှလှမက်ပါစေ ကောင်လေး"

သူစဉ်းစားကြည့်လိုက်တော့မှ ပို့တဲ့သူက Ji Won မှန်းသိလိုက်သည်။ ဘာလို့ဆို သူ့ကို ကောင်လေးဟုခေါ်တာ အဲ့လူတစ်ယောက်တည်းရှိတာမလား? အဲ့လူက လည်းမခေါ်နဲ့လို့ပြောတာ ပြောလို့ကို မရဘူး။

ဘာပဲဖြစ်ဖြစ် KyungSoo သူ့ဖုန်းထဲတွင်တော့ ထိုနံပါတ်အား လူ့ဂွစာကြီး Ji Won ဟုမှတ်ထားလိုက်သည်။

 《《Sweet Lies》》Where stories live. Discover now