C_10

2.8K 379 18
                                    

🎵🎶I'll search the universe....널 다시 찾을 때까지....놓지 않을 거야🎶🎵

"ဟယ်လို"

ရိုက်ထားတဲ့ဓာတ်ပုံတွေပြန်ကြည့်နေတုန်း ဖုန်းဝင်လာလို့ Ji Won လုပ်လက်စကို ခဏရပ်ထားပြီး ဖုန်းကိုင်လိုက်သည်။

"........."

"ဟုတ်ကဲ့ shooting ကဘယ်မှာလဲခင်ဗျ။ indoor လား outdoor လားမသိဘူး"

".........."

"ဟုတ်ကဲ့ ဒါဆို outdoor ပေါ့။ model ကရော?"

"........"

"ဒါဆို ကျွန်တော် ပြင်ဆင်စရာရှိတာ ပြင်လို့ရအောင် ညနေ flight နဲ့မှဘဲလိုက်ခဲ့တော့မယ်။ ခင်ဗျားတို့အရင် သွားနှင့်လိုက်ကြပါ"

"ဟုတ်ကဲ့ ကျေးဇူးပါ"

Ji Won ကိုင်လိုက်တော့ အလုပ်အပ်သည့်ဖုန်း ဖြစ်နေသည်။ Jeju တွင် magazine cover ရိုက်ပေးရန် ကမ်းလှမ်းခြင်းပင်။

အစတည်းက ကိုယ်ကလည်း ခရီးထွက်ဖို့ ကြံနေတာဆိုတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်။ အလုပ်လည်း မပြတ်၊ ကိုယ်လည်း ခရီးထွက်ရမည်ဖြစ်သည်။

အဲ့ဒါကြောင့် သူထပ်မစဉ်းစားတော့ဘဲ တစ်ခါတည်း လက်ခံလိုက်သည်။ Jeju ဆိုတော့ သူJapan ကရောက်ကတည်းက ကြားရုံသာ ကြားဖူးပြီး မရောက်ဖူးသေးပင်။
ရှုခင်းလေးတွေလည်လှပြီး တောင်ကိုရီးယားတွင် အလွန်နာမည်ကြီးသောနေရာတွေထဲက တစ်ခုဆိုတော့ မသွားမဖြစ်သွားရမည်။

အဲ့ဒါကြောင့် သူချက်ချင်းပဲ ၆နာရီ flight ticket ကို လှမ်းပြီး booking လုပ်လိုက်သည်။

အခုတော့လုပ်လက်စအလုပ်တွေ အမြန်လက်စသတ်ကာ ညနေသွားဖို့ ပြင်ဆင်ရတော့မည်။ ဘာမှ ထွေထွေထူးထူးမယူတော့ဘဲ ကိုယ်လိုသည့် ကင်မရာနှင့် ဘယ်နှစ်ရက်နေဖြစ်မယ်မသိလို့ luggage တစ်လုံးစာ အဝတ်သာထည့်ခဲ့လိုက်သည်။

ဓာတ်ပုံရိုက်ဖို့လိုတဲ့အခြားပစ္စည်းတွေက ကုမ္ပဏီကယူခဲ့ပေးမယ်ဆိုတော့ သူလိုတာ ကင်မရာတစ်လုံးသာ...

သူဒီရက်ပိုင်း ဟိုကောင်လေးကိုသာ အကြောင်းပြချက်မရှိ သတိရနေသောကြောင့် အလုပ်တွေသာ ဖိလုပ်ဖြစ်သည်။

သို့သော်ငြား အလုပ်မဖြစ် လွမ်းမြဲလွမ်းဆဲ။ တွေ့လိုက်ရတဲ့ တစ်ခဏလေးနဲ့တင် စိတ်အာရုံကို အတော်ပင် လွှမ်းမိုးသွားနိုင်ခဲ့သော ကောင်လေးပင်....

 《《Sweet Lies》》Onde histórias criam vida. Descubra agora