C_31

3.4K 474 96
                                    

KyungSoo အခုဆေးရုံကဆင်းလာပြီဖြစ်လို့ သူ့အခန်းထဲတွင် သွားဖို့ အဝတ်တွေထည့်နေရင်း ပြတင်းပေါက်မှ မြင်နေရသည့် ကောင်းကင်ကို ကြည့်လိုက်သည်။အုံ့မှိုင်းကာ မဲမှောင်နေတဲ့တိမ်တိုက်တွေကြောင့် မကြည်လင်သော စိတ်တို့ပို၍ရှုပ်ထွေးရသည်။

တစ်ရက်တာအတွင်းဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကို သူကိုယ်တိုင်လည်း လိုက်မမှီပေမဲ့ အရာအားလုံးက ကံတရားအတိုင်းဖြစ်လာတာမို့လို့ သူဘယ်သူ့ကိုအပြစ်တင်နိုင်မှာလဲ?

အကယ်၍ ဒီကိစ္စတွေဖြစ်ပျက်ရတာသူ့ကံတရားကြောင့်ဆိုရင်တောင် အဲ့ဒါဖြစ်အောင် ဖန်တီးတဲ့သူက ကိုကို__မှားလို့ Kim Jongin...

ဒါပေမဲ့အမှားကြီးမှားခဲ့တာကတော့ Kim Jongin ကိုမျက်စိမှိတ်ယုံခဲ့တဲ့ Do KyungSoo ဆိုတဲ့သူမလား...အခုချိန်မှတော့ ဘယ်အရာမှ နောက်ပြန်လှည့်လို့မရတော့ဘူးလေ...

သေချာတာတစ်ခုကတော့ အချိန်တွေ နောက်ပြန်လှည့်နိုင်ခဲ့ရင်တောင် သူတူညီတဲ့အမှားမျိုးကိုပဲ ထပ်တူမှားခဲ့မိမယ်ထင်တယ်။သူအဲ့လောက်တောင် Kim Jongin ကိုချစ်ခဲ့မိတာမို့လို့( ချစ်နေဆဲပဲဆိုတာတော့ ဝန်မခံချင်တော့ဘူး)

အခုသူ့အခြေအနေအားလုံးကို Baekhyun နဲ့ Chen တို့သိပြီးပြီ။ သူပြောသင့်မပြောသင့် တွန့်ဆုတ်နေခဲ့ပေမဲ့ ပြသာနာအားလုံးနီးပါးသိနေကြတာမို့ ကွယ်ဝှက်မထားချင်တော့ဘူး။

စစပြောချင်းတုန်းက အသည်းအသန်ပေါက်ကွဲကာ Kim Jongin အားသွားသတ်မည်ဟု အော်ဟစ်သောင်းကျန်းသော သူ့သူငယ်ချင်းနှစ်ယောက်ကို JiWon hyung နဲ့သူ နှစ်ယောက်ပေါင်းပြီး မနည်းဆွဲထားရသည်။

ဒါတောင် Baekhyun ကအရှိန်မပြေသေး။မနည်းဖြောင်းဖြပြီး သူထွက်သွားမည့်အကြောင်းထုတ်ပြောမှ ငြိမ်သက်သွားကြသည်။

'သွားစရာမလိုဘူး၊ကိုယ်ကအမှားလုပ်ထားတဲ့သူမဟုတ်လို့ ရှောင်ထွက်စရာမလိုဘူး' လို့ အားပေးတဲ့ Baekhyun နဲ့ Chen တို့၏ စကားများကြောင့် ခေတ္တမျှ တွေဝေမိလိုက်ပေမဲ့ သူခံစားခဲ့ရသမျှ နာကျင်မှုတွေ၊ သူမြင်ခဲ့ရသမျှ မြင်ကွင်းတွေက အတွေးထဲ ခေါင်းထဲမှာ တစ်ကျော့ပြန်ဝင်ရောက်လာပြန်သည်မို့ သူစိတ်တင်းထားလိုက်သည်။

 《《Sweet Lies》》Where stories live. Discover now