C_48

2K 284 29
                                    

KyungSoo အိမ်ပြန်ရောက်လာတော့ ပင်ပန်းလွန်းသဖြင့် အခန်းထဲဝင်ကာ လှဲနေလိုက်သည်။တစ်နေ့တည်းနဲ့ ဖြစ်ပျက်သွားတဲ့ကိစ္စတွေနောက် သူလိုက်မမှီနိုင်ဖြစ်ရသည်။ အခုဆို သူနဲ့ hyung နဲ့ကပြီးသွားကြပြီတဲ့လား။ Hyung က ဂျပန်ကို ပြန်တော့မှာတဲ့လား...သူဘယ်လိုမှ မထင်မှတ်ထားတဲ့ကိစ္စမို့ သူအံ့ဩသွားခဲ့သည်ဆိုတာ သူဝန်ခံသည်။ Hyung က အားလုံးကို သိနေခဲ့တာပဲ။ အခုမှ အားနာနေလို့ နောက်ကျနေပြီမှန်း သူသိသည်။ သူ hyung ကို ဘယ်လိုမျက်နှာချင်းထပ်ဆိုင်ရပါတော့မလဲ....Suho hyung တို့ Baek နဲ့ Chen တို့ကိုရော သူဘယ်လို ပြောပြရမလဲ...

KyungSoo ခေါင်းရှုပ်လာသဖြင့် ဆံပင်တို့ကို ထိုးဖွလိုက်ကာ ငုတ်တုတ်ထထိုင်လိုက်သည်။ ထို့နောက် သူ့ရဲ့ပြတင်းပေါက်နားတိုးကပ်သွားပြီး အပြင်သို့လှမ်းကြည့်လိုက်သည်။ညနေစောင်းခါနီးမို့ နေမင်းနီနီကြီးက အနောက်အရပ်သို့ပျောက်ကွယ်လုနီးခါစ ဖြစ်နေပြီဖြစ်သည်။ အိပ်တန်းတက်ရန် ပြင်ဆင်နေကြသော ငှက်ကလေးများ၏ ကျီကျီကျာကျာ အသံကလေးတွေကလည်း သူ့နားထဲဝင်ရောက်လာသည်။ လိမ္မော်ရောင်သန်းနေသော ကောင်းကင်ကြီးကိုငေးကြည့်ရင်း တိုက်ခတ်လာသော လေပြေညင်းတွေကြား သူစဉ်းစားမိသည်က Hyung ပြောသွားသည့်ကိစ္စပင်။ သူ တကယ်ပဲ ဒုတိယအကြိမ် အခွင့်အရေးပေးသင့်ရဲ့လား...မေ့သွားပြီလို့ပြောရင် သေချာပေါက် လိမ်ညာနေတာပေါ့။ အလွယ်တကူမေ့နိုင်ရအောင် ခဏတာချစ်ခဲ့တာလည်းမဟုတ်ဘူး။ ကျောင်းသားဘဝတည်းက သူတစ်ယောက်တည်းပဲ ကြည့်လာ၊သူ့ကိုပဲ ချစ်လာခဲ့တာမို့ နက်နဲတာတော့အမှန်။အဲ့လိုဆိုပြီး အလွယ်တကူ ခွင့်လွှတ်ပေးရအောင်လည်း ကိုယ်ရခဲ့တဲ့ ဒဏ်ရာက သေးသေးကွေးကွေးမဟုတ်။ မတတ်နိုင်ဘူး။ မှန်မယ်ထင်ရာ ဆက်လုပ်ရမှာပဲ။ သူက အရင် Do KyungSoo မှမဟုတ်တော့တာ.....

သူဟိုကြည့်ဒီကြည့်လုပ်နေတုန်း သူ့ခြံနှင့်မလှမ်းမကမ်း သစ်ပင်အောက်တွင် မူမမှန်သည့်တစ်စုံတစ်ရာကိုတွေ့လိုက်ရသည်။သစ်ပင်အောက်မှာ ရပ်ထားသည့်ကားအနက်က သူနဲ့ရင်းနှီးနေသည့်အသွင်။ သူကအဝေးမမြင်ရသည်မို့ အိပ်ရာဘေးက ခုံပေါ်တွင်တင်ထားသည့် သူ့မျက်မှန်ကလေးကိုဝတ်လိုက်ကာ ထပ်ကြည့်လိုက်တော့ ...ဟုတ်ပါရဲ့။ သူထင်သည့်အတိုင်း Kim Jongin ကြီးဖြစ်နေပါရောလား...ကုတ်ချောင်းချောင်းနှင့် ကားမှန်မှတဆင့် ခြံတံခါးကို လှမ်းလှမ်းကြည့်နေတဲ့ သူကြောင့် KyungSoo နှုတ်ခမ်းတို့ တွန့်ကွေးသွားသည်။ တွေ့ပြီပေါ့ ခင်ဗျားရယ်..

 《《Sweet Lies》》Dove le storie prendono vita. Scoprilo ora