C_46

2.1K 267 20
                                    

မနက်ခင်းရဲ့အလင်းရောင်က ဟိုတစ်စဒီတစ်စဖြင့် လစ်ဟနေသော ကန့်လန့်ကာကြားလေးများမှ အခန်းငယ်အတွင်း ဝင်ရောက်နေသည်။

တစ်ခန်းလုံးအမှောင်ဖုံးထားပြီး တိုးဝင်လာသည့်အလင်းစလေးများကြောင့်သာ အခန်းတွင်း မြင်နေရခြင်းဖြစ်သည်။ထို့အပြင် တစ်ယောက်အိပ်ကုတင်ရဲ့ခြေရင်းနားမှာ ကုတင်ကိုမှီရင်း ခေါင်းငုံ့ကာငြိမ်သက်နေသူ လူငယ်တစ်ဦးရှိသည်။

အခန်းနံရံအပြည့် နေရာလပ်မကျန် ကောင်လေးတစ်ယောက်ရဲ့မျက်နှာအမူအရာအမျိုးမျိုးနဲ့ လှုပ်ရှားမှုမျိုးစုံကို ရှုထောင့်အစုံမှရိုက်ကူးထားသည့်ဓာတ်ပုံများကနေရာယူထားသည်။မျက်နှာကျက်မှာတော့ ဖြူစင်စွာပြုံးရယ်နေသည့် ထိုကောင်လေးရဲ့ဓာတ်ပုံကြီးကြီးတစ်ခုက ရှိနေပြန်သည်။

အခန်းအနေအထားကိုကြည့်ခြင်းအားဖြင့်  ထိုကောင်လေးအား ဘယ်လောက်ရူးသွပ်လဲဆိုတာ သိနိုင်သည်။အဝါရောင်ပန်းခင်းထဲမှာ ပြေးလွှားနေတဲ့ထိုကောင်လေးရဲ့လှုပ်ရှားမှုတိုင်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကတော့ ကုတင်ဘေးတွင်ပျံ့ကြဲနေလျက်....

တစ်ချက်တစ်ချက်ရှိုက်သံထွက်လာသလို တစ်စတစ်စ တုန်လှုပ်သွားတဲ့ JiWon ရဲ့ပခုံးနှစ်ဖက်ကြောင့် သူကြိတ်ငိုနေသည်ဆိုတာ သိသာသည်။

ဘယ်လောက်တောင်နာကျင်ရလိုက်သလဲ...

မြင်မြင်ချင်းစွဲလမ်းမိခဲ့တဲ့ကောင်လေးကို ဖြူဖြူစင်စင်ချစ်မြတ်နိုးခဲ့ပါလျက်နဲ့ ကံတရားက ဘက်လိုက်တတ်လိုက်တာ...

ပိုင်ရှင်ရှိမှန်းသိလို့ နောက်ဆုတ်ဖို့ကြိုးစားနေရင်းကို ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပါပဲ အကြိမ်ကြိမ်ရှေ့ဆက်တိုးနေခဲ့မိတာ...

ရုန်းလေနစ်လေပါပဲ...ကိုယ်ကဘယ်လောက်ပဲသူ့ဆီကရုန်းထွက်နိုင်ဖို့ကြိုးစားလေလေ သူ့နားပဲတဝဲလည်လည်ပြန်ရောက်လာလေလေဖြစ်နေတယ်...ဘယ်လိုမှမတတ်နိုင်တော့တဲ့အဆုံး သူ့ဘေးမှာပဲကိုယ့်အချစ်တွေကိုသူမရိပ်မိအောင်သိမ်းဆည်းရင်း သူ့အလိုမှန်သမျှ ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ကံကြမ္မာရဲ့ တစ်ခဏတာ မျက်နှာသာပေးမှုကြောင့် ချစ်ရသူက ကိုယ့်ကိုအခွင့်အရေးပေးလာခဲ့တာမို့ ကိုယ့်ဘက်ကအတတ်နိုင်ဆုံး သူ့စိတ်ရော၊နှလုံးသားရော အပိုင်ဖြစ်အောင်ကြိုးစားခဲ့ပေမဲ့ ကြည့်ရတာ ကြိုးစားမှုအရာမထင်ဘူးထင်ပါရဲ့။

 《《Sweet Lies》》Where stories live. Discover now