C_39

2.2K 319 33
                                    

ဒေါက်..ဒေါက်...

လက်မှတ်ထိုးစရာတွေပုံနေသော အစီအရင်ခံစာတွေကြားထဲ ခေါင်းစိုက်နေသော Jongin တစ်ယောက် တံခါးခေါက်သံကြားမှ သတိဝင်လာခဲ့သည်။

အခုဆို သူ့ရဲ့ကုမ္ပဏီက Fashion line အထိပါ တိုးချဲ့လာတာမို့ ပို၍အလုပ်ရှုပ်သထက် ရှုပ်လာခဲ့သည်။ကုန်ဆုံးသွားတဲ့ နှစ်နှစ်တာကာလကို ဘယ်လိုခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာလဲဆိုတာ ကိုယ့်ဘေးနားကလူတွေအသိ။

အိပ်မပျော်ခဲ့တဲ့ညပေါင်းများစွာကြောင့် Chanyeol ကတောင် သူ့အိမ်မှာညဘက်လာစောင့်ပေးရတဲ့အထိပဲ။ ကလေးကိုအခုထိမမေ့နိုင်သလို နောင်လည်းမေ့မှာမဟုတ်ဘူး။ တစ်နေရာရာမှာ အသက်ရှင်လျက်ရှိနေမယ်ဆိုတာ ယုံကြည်တာမို့လို့ သူစောင့်မြဲစောင့်ဆဲပဲ...

ဘယ်သူနဲ့မှလည်း ဇာတ်လမ်းမရှုပ်တော့သလို အလုပ်တစ်ခုတည်းပဲ ခေါင်းထဲထည့်ခဲ့တယ်။ မိုးလင်းတာနဲ့အလုပ်လာ၊ညနေပြန် ပြီးရင် ညစာဖြစ်သလိုစားပြီး ကလေးအကြောင်းတွေပဲတွေးနေပြီး အချိန်ကုန်ခဲ့တယ်။

တစ်ခါတစ်ရံ ရုံးခန်းမှာပဲ ညအိပ်ရတဲ့နေ့တွေဆိုရင် အလုပ်စားပွဲပေါ်တင်ထားတဲ့ တစ်ပုံတည်းသော ကလေးရဲ့ပုံလေးကိုကြည့်ပြီး စကားတွေပြောနေလိုက်တယ်။

အဲ့ဓာတ်ပုံဆိုသည်မှာလည်း ကလေးသူငယ်ချင်းတွေဆီက ခက်ခက်ခဲခဲနဲ့ တောင်းပန်ခယထားရသည့်ပုံပင်။ ဒါတောင် အကျင့်ယုတ်ပြီး တစ်ယောက်တည်းပုံမပေးဘဲ သူတို့နှစ်ယောက်ပါတဲ့ပုံကြီးပေးလိုက်လို့ အဲ့နှစ်ယောက်မသိအောင် ကလေးပုံလေးပဲကွက်ချန်ပြီး သူတို့နှစ်ယောက်ပုံကို ညှပ်ထုတ်ပစ်လိုက်သည်။ပြီးမှ သေချာအကျအန အသည်းပုံလေးတွေပါတဲ့ ဓာတ်ပုံဘောင်ထဲထည့်ပြီး စားပွဲပေါ်တင်ထားခြင်းဖြစ်သည်။

ဒါတောင် Chanyeol ကသူ့ဘေဘီပုံကိုနှမျောလို့ဆိုပြီး ကိုယ့်ကိုဆဲဆိုကာ Chen ပုံလေးပဲချန်ပြီး သူ့ဘေဘီပုံထပ်ညှပ်ပြီး ယူသွားသည်။

အထီးကျန်သွားတဲ့ Chen ရဲ့ပုံလေးကျတော့ ကလေးအရင်တုန်းကအလုပ်လုပ်ခဲ့တဲ့ Heaven ကော်ဖီဆိုင်က Barista ကောင်လေးက တောင်းလို့ သူဝမ်းပန်းတသာပေးခဲ့လိုက်သည်။

 《《Sweet Lies》》Where stories live. Discover now