C_16

2.8K 360 40
                                    

       ကြယ်တွေကင်းစင်နေတဲ့ မှောင်မိုက်နေသည့်ကောင်းကင်ကြီးကိုမြင်နေရ သည့်   ဖွင့်ထားတဲ့ ပြတင်းပေါက်မှတဆင့် တိုက်ခတ်လာတဲ့ ပင်လယ်လေတဖြူးဖြူးသည် အခန်းလေးထဲသို့ဝင်ရောက်လာသည်။ တသုန်သုန်တိုက်ခတ်နေသည့် လေအေးကြောင့် တပ်ဆင်ထားတဲ့ကန့်လန့်ကာအဖြူအပါးလေးကလည်း လွင့်ပျံနေသည်။

ထိုပြတင်းပေါက်နဲ့ မနီးမဝေးတွင် ကုတင်ကြီးတစ်လုံးရှိသည်။ အိပ်ရာခင်းအဖြူစတွေ တွန့်ကြေနေပြီး မွေ့ရာပေါ်တွင်လည်း စောင်ကအပုံလိုက်လုံးထွေးနေသည်။ကုတင်ခြေရင်းတွင် ကုတင်ကိုမှီပြီးထိုင်နေသောကောင်လေး တစ်ယောက်ရှိသည်။

ကောင်လေးရဲ့ဆံပင်အညိုတွေက ပွယောင်းနေပြီး အင်္ကျီကလည်းတွန့်ကြေနေသည်။ဘေးတွင်လည်း ဆိုဂျူပုလင်းတွေပြန့်ကြဲနေကာ လဲနေတာကလဲ၊ ထောင်နေတဲ့ဟာကထောင်နဲ့ အခန်းတစ်ခန်းလုံးရှုပ်ပွနေသည်။ ကောင်လေးကတော့ ဒူးထောင်ပြီးထိုင်နေကာ လက်တင်ပြီး ဒူးခေါင်းကြား မျက်နှာအပ်ထားသည်။

ကောင်လေးရဲ့နံဘေးတွင် ဖွင့်ထားသောကင်မရာတစ်လုံးရှိသည်။ထိုကင်မရာမှာ ပန်းခင်းအဝါကြီးကြားထဲက ပျော်မြူးနေတဲ့ကောင်လေးတစ်ယောက်ရဲ့ပုံကို တွေ့ရသည်။ camera screen ပေါ်တွင် မခြောက်သေးသော ရေစက်လေးများတစ်စက်စ၊နှစ်စက်စဖြင့်....

ရုတ်တရက် Ji Wonခေါင်းထောင်လာသည်။ နီရဲနေသောသူ၏မျက်လုံးများက ဘယ်လောက်ငိုထားလဲသိသာနေသယောင်... ပါးပြင်ပေါ်တွင်လည်း မျက်ရည်စများကမခြောက်သေးပေ။ သူ့ ဘေးတွင်ချထားသည့်ကင်မရာကိုယူလိုက်ပြီး screen မှာပေါ်နေသည့် ပြုံးပျော်နေတဲ့ကောင်လေးရဲ့မျက်နှာကို လက်ချောင်းလေးနဲ့ ထိတွေ့လိုက်သည်။

"အဲ့လိုပျော်နေတဲ့ကောင်လေးရဲ့အပြုံးတွေကို ကိုယ်တွေ့ခွင့်မရတော့ဘူးလားကွာ..."

သူဘယ်လောက်ဘဲသောက်ထားသောက်ထား အသိစိတ်လွတ်တဲ့အထိတော့မမူးသေးပါ။ အရက်လေးများဝင်သွားခဲ့ရင် နာကျင်တာပျောက်သွားမလားလို့သောက်မိပါ တယ်..ဟက်...ပိုတွေးမိပြီး ပိုခံစားရတယ်။

သူ့ဘက်က တစ်ဖက်သတ်ချစ်ပြီး သူ့ဘက်ကသာ တစ်ဖက်သတ်ဒီလိုခံစားနေတော့ အရူးနဲ့တောင်တူနေသလိုလို။အစတောင်မပျိုးရသေးတဲ့ဇာတ်လမ်းတစ်ပုဒ်မှာ သူက အရံတစ်ယောက်အဖြစ်တောင် ပါဝင်ခွင့်မရှိတော့ဘူးလား...

 《《Sweet Lies》》Where stories live. Discover now