C_24(Edit)

3.3K 419 101
                                    

တစ်ခန်းလုံးဖြူဖွေးနေသည့် ဆေးရုံခန်းလေး၏ ကုတင်ထက်တွင်တော့ ဆေးပိုက်တန်းလန်းဖြင့် အိပ်ပျော်နေသည့် ဆေးရုံဝတ်စုံအဖြူလေးဖြင့်ကောင်လေးတစ် ယောက်ရှိနေသည်။

ဖွင့်ထားသည့် တစ်ခုတည်းသော ပြတင်းပေါက်မှလေနုအေးလေးတွေကလည်း ကောင်လေးကို နိုးထအောင်မစွမ်းဆောင်နိုင်။

ကောင်လေးကတော့ အရာအားလုံးကို လျစ်လျူရှုကာ ငြိမ်းချမ်းစွာ အိပ်စက်နေသည်။

Jongin ကုတင်ဘေးမှခုံတွင်ထိုင်နေရင်း အိပ်ရာထက်မှ အဖြူရောင်လူသားငယ်အား ငေးကြည့်နေသည်။

သိသိသာသာ ချောင်ကျသွားသည့်ပါးလေးရယ်၊ ညိုသယောင်ဖြစ်နေသည့် မျက်ကွင်းတို့က ကောင်လေးဘယ်လောက်တောင် အားပျက်ထားသည်ဆိုတာကို ညွှန်ပြနေသယောင်...

Jongin ဆေးရုံရောက်ရောက်ချင်းတွေ့လိုက်ရသည်က Baekhyun နဲ့ ဟို Jeju မှာတွေ့ခဲ့ဖူးသည့် JiWon ဆိုသည့်တစ်ယောက်။

ဘယ်လိုအကြောင်းကြောင့် ဒီနေရာမှာလာဆုံရသလဲဆိုတာ မေးခွန်းမထုတ်ချင်၍ Jongin မသိချင်ယောင်ဆောင်ကာ နေနေပေမဲ့လည်း ထိုသူ၏ အမျက်ခိုးဝေနေသော အကြည့်တို့က သူ့အား အနှောင့်အယှက်လာပေးနေသည်။

ထို့အတူ Do KyungSoo ရဲ့သူငယ်ချင်း Byun Baekhyun ကလည်း သူ့အကြောင်းသိသွား၍ထင်...တွေ့တာနဲ့ လက်သီးနှစ်ဖက် တင်းတင်းဆုပ်ကာ နီရဲလာသည့်မျက်နှာနှင့်အတူ လည်ပင်းအကြောများထောင်လာသည်အထိ သူ့အားအော်ဟစ်ကာ အတင်းနှင်ထုတ်ခဲ့သည်။

သို့ပေမဲ့ Kim Jongin ဆိုတဲ့သူက အဲ့ဒါတွေ တစ်စက်မှမမှု။ အစတည်းက ရင်ဆိုင်ရမယ်ဆိုတာ သိပြီးသားမို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၍ အပြုံးနဲ့သာ တုံ့ပြန်လိုက်တော့ JiWon ဆိုသည့်တစ်ယောက်တားနေသည့်ကြားမှ Baekhyun ရဲ့လက်သီးကသူ့ဆီပစ်ဝင်လာသေးသည်။

ရုတ်တရက်ရှောင်ချိန်မရလိုက်တာမို့ နှုတ်ခမ်းထောင့်သွေးစို့သွားကာ တော်တော်တော့ အထိနာသွားပေမဲ့လည်း ဒီလောက်တော့ ခံသင့်သည်ဆိုတာ သူနားလည်သည်။

အခုချိန်သူသိချင်သည့် အဓိကအကြောင်းက Do KyungSoo သူ့အကြောင်းသိသွားပြီလားဆိုတာပင်။အကယ်၍သိသွားပြီဆိုရင်တော့ မတတ်နိုင်ဘဲ လက်လျှော့ကာ အရုပ်အသစ်တစ်ရုပ်ရှာရမှာပေါ့... မသိသေးဘူးဆိုရင်တော့ အဟက် ကိုယ့်ကံကမယုံနိုင်လောက်အောင်ကောင်းနေတာပဲ...

 《《Sweet Lies》》Место, где живут истории. Откройте их для себя