C_38.5

2.7K 326 51
                                    

"အား!!!!"

တုန်လှုပ်ခြောက်ခြားစွာ ချွေးသံရွှဲရွှဲဖြင့် Jongin  အိပ်ယာထပ်မှနိုးထလာရပြန်သည်။ ညစဉ်ညတိုင်းလိုလို သူ့ကိုနှိပ်စက်နေတဲ့အိမ်မက်ဆိုးတွေဒဏ်က သူအခုထိမလွတ်မြောက်နိုင်သေးဘူး။

အရင်တုန်းကလို အိမ်မက်မျိုးမဟုတ်ပေမဲ့ အခုဟာက သူ့ရဲ့ကလေးငယ်က ညတိုင်းအိမ်မက်ထဲမှာသူ့ဆီရောက်လာပြီး စူးရှတဲ့မျက်ဝန်းအစုံနဲ့သူ့ကိုရပ်ကြည့်နေခဲ့တာ...

သူ့နှုတ်က စကားပြောမယ်ကြံတိုင်းဘာဆိုဘာမှထွက်မလာဘဲ ဒီအတိုင်းနှုတ်ပိတ်နေရပြီး ငိုကြွေးပြီးကြည့်နေရုံသာတတ်နိုင်ခဲ့တယ်...

သူတောင်းပန်ချင်တာတွေ၊သူဝန်ခံချင်တာတွေ တစ်ခုမှ ဖွင့်ဟခွင့်မရဘဲ စကားမပြောတတ်တဲ့ အအတစ်ယောက်လို ကလေးရဲ့အမုန်းတွေပျော်ဝင်နေသယောင်ထင်ရတဲ့ အကြည့်အောက်မှာ ဒူးထောက်ကျဆုံးခဲ့ရတယ်...

နာကျင်ရတယ်...သိပ်ကို နာကျင်လွန်းတယ်..အဲ့လိုအကြည့်ခံရမယ့်အစား ပြင်းထန်လွန်းတဲ့စကားတွေနဲ့ထိုးနှက်တာကမှ သူ့နှလုံးသားလေး ခံနိုင်ရည်ရှိဦးမယ်ထင်တယ်..အခုလိုအမုန်းမီးတွေ တောက်လောင်နေတဲ့ အကြည့်တစ်စုံကတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ ကျန်ရှိနေတဲ့ အားအင်တွေအကုန် စုပ်ယူခံလိုက်ရသလိုမျိုး လူတစ်ကိုယ်လုံး ပျော့ခွေကျသွားသလို ခံစားရစေတယ်...

Jongin ခန္ဓာကိုယ်ပေါ်မှာ ပြေလျော့စပြုနေတဲ့ စောင်ကို ဖယ်လိုက်ပြီး ကြမ်းပြင်ပေါ်ခြေချလိုက်သည်။

ထို့နောက် ထမင်းစားခန်းရှိရာသို့ လေးဖင့်နေသောခြေလှမ်းတို့ကို ဦးတည်လိုက်သည်။

အညိုရောင်ဆံပင်တို့ ဟိုတစ်စဒီတစ်စ ထိုးထောင်ကာ အစီအစဉ်မကျ ရှုပ်ပွနေတဲ့ သူ့ပုံစံက သူဝတ်ထားတဲ့ ချဉ်စော်ပင်ထွက်ချင်နေသည့် ကြေမွနေသော ဘောင်းဘီအရှည်၊တီရှပ်အပွတို့နဲ့ တွဲမြင်လိုက်တော့ အတော်ပင် စိတ်ရှုပ်စရာကောင်းလှမည်မှာအမှန်ပင်။

လောကကြီးကိုအရှုံးပေးထားသည့် စိတ်ဓာတ်ကျနေသော လူတစ်ယောက်ရဲ့ရုပ်အသွင်ဆောင်နေတဲ့သူ့ပုံစံက ကြည့်လိုက်လျှင်ပင် စိတ်ပျက်စရာကောင်းနေလိမ့်မည်။

 《《Sweet Lies》》Where stories live. Discover now