C_7

3.1K 381 87
                                    

KyungSoo ဆိုင်ထဲရောက်တော့ Barista Xiumin hyung နားကပ်ပြီး တတွတ်တွတ် ပြောနေသည့် Chen ကသူ့အနားသို့ ဆွေ့ခနဲရောက်လာသည်။

"Yah! Do KyungSoo အကြောက်အလန့်မရှိနောက်ကျရလား?"

"တိတ်စမ်း Kim Chen Chen! ငါဒေါသထွက်လာတယ်နော်။ Xing hyung ရောက်ပြီလား?"

KyungSoo ဆိုင်ထဲ ဟိုကြည့်ဒီကြည့်ဖြင့် Xing hyung အရိပ်အယောင်လေးများရှိမလားဟုရှာသော်ငြား အစအနပင်မတွေ့။

"ဟင့်အင်း မရောက်သေးဘူး။ hyung ဒီနေ့မှနောက်ကျနေတာ မင်းကံကောင်းတယ်မှတ်ပါ။ခါတိုင်းဆို ဒီအချိန်ရောက်နေပြီ။ မင်း__"

Chen သူရပ်နေသည့်နေရာမှ ကောင်တာပေါ် မေးထောက်၍ ဆက်ပြောဟန်ပြင်စဉ်

"ပြီးမှ ဆက်ပြောတော့ Dae~~သွား Soo လေး uniform အမြန်သွားလဲ။တော်ကြာ Yixing ရောက်လာလို့ မင်း uniform ဝတ်မထားတာ တွေ့ရင် ဆူလိမ့်မယ်။ ဆိုင်ကလူများလာလို့ မြန်မြန်လာကူတော့။ Cashier ကို hyung ကူပေးမယ်။ မင်းနဲ့ Dae နဲ့က အရှေ့မှာ သွားပြီး  ပို့ပေး"

"ဟုတ် Xiumin hyung"

Kim Chen တို့များ နှစ်ခါမပြောရဘူး။ သူ့ Xiumin hyung ပြောတော့ ရှေ့ထွက်သွားတာများ မြန်ချက်။သူလည်း အမြန်ပဲ အဝတ်လဲခန်းသို့ ထွက်လာခဲ့လိုက်သည်။

သူ စောစောကလူကို ဘာလို့ပြန်အော်ခဲ့မိလဲဆိုတာ စဉ်းစားလို့ကို မရဘူး။အမှန်ဆို အလောသုံးဆယ်ပြေးလာပြီး တံခါးတွန်းဖွင့်မိတဲ့ သူ့အမှား။ ဒါပေမဲ့ အဲ့လူက ဘာမှမပြောဘဲ ဒီအတိုင်းကြီး ငေးကြည့်နေလို့ လူက ပူထူလာပြီး ပြောမိပြောရာ ပြောလိုက်မိတာ!

ရိုးရိုးတောင် မဟုတ်ဘူး၊ နှုတ်ခမ်းတစ်ဒေါင်လောက်ဆူပြီး ခြေဆောင့်ပြီးတော့ကို ပြောခဲ့တာ! ဟာ..ရူးချင်တာပဲ!

ကိုကို့ရှေ့မှာတောင် မပြဖူးတဲ့ သူ့ရဲ့ ကလေးဆန်တဲ့ အမူအရာကို သူမသိတဲ့ သူစိမ်းတစ်ယောက်ရှေ့မှာပြခဲ့မိပြီ!!
Do KyungSoo တို့ အသိစိတ်လွတ်သွားပြီထင်ပါရဲ့!!! အူကြောင်ကြားလူကြီး ...ဒါအားလုံးသူစိုက်ကြည့်နေလို့ဖြစ်ရတာ!

KyungSoo တွေးရင်းတွေးရင်းဖြင့် အင်္ကျီမလဲအားသေး။ အပြင်က Chen ၏ အမြန်လုပ်ဆိုသည့် ဆော် ဩ သံကြားမှ အသိစိတ်ဝင်လာပြီး ကပျာကယာလဲရသည်။

 《《Sweet Lies》》Where stories live. Discover now