<Unicode>
※တကယ်တမ်းတော့...※
အပိုင်း (၂)ကိုယ့်အပြစ်ကိုသိလို့ မျက်နှာလေး ဇီးရွက်လောက်ဖြစ်အောင် ငယ်ထားပြီး ခေါင်းငုံ့ထားတဲ့အိမ့်ကိုကြည့်ရင်း ဝင်းမောင်မှာ ဆူရခက် ရယ်ရခက် ဖြစ်နေရသည်။
ဖိနပ်ဒီဇိုင်းအသစ်အတွက် ကုမ္ပဏီကိုသွားခဲ့တဲ့ ၃ နာရီခွဲဆိုတဲ့ အချိန်လေးအတွင်းမှာ မနေနိုင်မထိုင်နိုင် အပြင်သွားပြီး ချော်လဲလာတဲ့ ညီမဖြစ်သူကိုကြည့်ရင်း ဆူမယ်လို့တွေးထားခဲ့တဲ့ စကားလုံးတွေက ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ကြသည်။
❝သွား၊ အိမ်ပြန်တော့။ ရေချိုး၊ အဝတ်လဲပြီး အိမ်မှာပဲ ဖေဖေနဲ့ မေမေပြန်အလာကို ငြိမ်ငြိမ်လေး ထိုင်စောင့်နေ❞
❝...❞
❝ငါပြောတာကြားလား❞
❝ဟုတ်❞
အသံတိုးတိုးလေးက မရဲတရဲထွက်လာတော့ ကျေနပ်သွားမိသည်။ အပြစ်လုပ်ထားတာမို့ ဒီလောက်တော့ ကြောက်သင့်သည်လေ။ ဒါကြောင့် ရယ်ချင်စိတ်ကို အတင်းထိန်းချုပ်ပြီး မျက်နှာထားကို တည်တင်းထားရသည်။
❝အိမ့်သွားပြီ❞
❝အေး❞
ဘေးလွယ်အိတ်ကြီးကိုလွယ်ပြီး ဆိုင်ထဲမှ ကုပ်ကုပ်ကလေး ထွက်သွားတဲ့ အိမ့်ရဲ့ကျောပြင်လေး မျက်စိရှေ့က ပျောက်သွားတော့မှ တခွိခွိ ရယ်မိတော့သည်။
အစကတော့ ဆိုင်ကိုပြန်လာချိန် အိမ့်ကိုမတွေ့တော့ စိတ်ဆိုးပြီး ဆူမယ်၊ အော်မယ်လို့ တေးထားခဲ့သေးသည်။ သို့ပေမယ့် ဆိုင်ထဲကို ကုပ်ချောင်းကုပ်ချောင်းဝင်လာတဲ့ အိမ့်ရဲ့ ကိုယ်တစ်ခြမ်းက စိုရွှဲပြီး ကြွက်စုတ်ဖြစ်နေတာမို့ မရယ်မိအောင် ကြိုးစားခဲ့ရပြန်သည်။
ချော်လဲတာလို့ပြောပေမယ့် ဒီအတိုင်းလဲတာတော့ မဖြစ်နိုင်။ ထပ်ပြီးလည်း အစ်အောက်ပြီး မမေးရဲ။ တော်နေကြာ မေးလိုက်လို့ အီးအဲဆို ငိုပြမှဖြင့် မဆူရတဲ့အပြင် ပြန်ချော့နေရပေဦးမည်။ ဘယ်တော့များမှ ရင့်ကျက်လာမှာလဲ အိမ့်ရယ်။
-
❝မင်းကိုက မနေနိုင်မထိုင်နိုင် သွားကူညီတာ❞
![](https://img.wattpad.com/cover/177326865-288-k738.jpg)
YOU ARE READING
RomanceThe 6th series Love may be painful when one is lain by her lover.