681 36 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၆)

အိပ်ယာကနေ ထုံးစံအတိုင်း နောက်ကျမှထ၊ ခေါင်းတောင်မဖြီးနိုင်ဘဲ မနက်စာကို ပလုတ်ပလောင်း ထိုးသွပ်ပြီး ဖုန်းတစ်လုံးနဲ့ ငြိမ့်နေသော အိမ့်ကိုကြည့်ပြီး ဝင်းမောင် မြင်ပြင်းကပ်လာမိသည်။

တော်တော်လေးကို အားကိုးရတဲ့ ညီမပါလေ။ ပထမဆုံး အလုပ်ဝင်တဲ့နေ့မှာတင် လှေကားပေါ်က ချော်ကျပြီး အကြောမျက်သွားရတယ်လို့။ မြင်ယောင်မိသေးသည်။ ဝေမာ့အကြောင်းကို ဒင်းဆီက မသိရဘဲ ဒင်းပေါက်ကရလုပ်တာတွေကိုသာ ဝေမာ့ဆီက ပြန်ကြားရမလားပဲ။

❝ဟင်း...ပုံမတင်တာ တော်တော်ကြာသွားပြီ။ တင်လိုက်ဦးမှပါလေ❞

ပြောပြောဆိုဆို ခြေထောက်မှာစီးထားတဲ့ ပတ်တီးကိုပါ ပါအောင် selfie ဆွဲပြီး Facebook ပေါ် ပုံတင်ဖို့လုပ်နေတဲ့ အိမ့်။ ဝင်းမောင်ကတော့ မပြောသေးဘူးဆိုတဲ့ သဘောမျိုးနဲ့ မဲ့ရွဲ့ကာ ကြည့်နေလိုက်သည်။

❝တျဲတို့...ချော်လဲတယ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က သတိရနေလို့လားဟင်❞

❝ခွီး...ဟားဟား...❞

Caption မှာ ရေးမယ့်စာကို ပါးစပ်ကရွတ်ရင်း စာစီလိုက်တာကို ဘေးနားကနေ အော်ရယ်လိုက်တဲ့ ဝင်းမောင်ကြောင့် အိမ့်ပင် အူကြောင်ကြောင် ဖြစ်သွားရသည်။

❝ဘာရယ်တာလဲ။ ရယ်စရာပါလို့လား❞

❝ဟားဟား...ရယ်ရတာပေါ့။ နင်ရေးတာကိုလည်း ပြန်တွေးကြည့်ဦး။ သူများက ကိုယ့်ကိုသတိရရင် ခလုတ်တိုက်တာတို့၊ ကြို့ထိုးတာတို့ပဲ ဖြစ်တာ။ နင့်ကျမှ ချော်လဲတာတဲ့။ ဒီအရွယ်ကြီးမှ ချော်လဲတယ်ဆိုတော့ ကြားလို့မှ မကောင်း❞

❝ဟာ...ချော်လဲတယ်ဆိုတာ ကလေးတွေပဲ လဲရမယ်လို့ ဘယ်သူက သတ်မှတ်ထားခဲ့လို့လဲ။ သွားလာလှုပ်ရှားနေသရွေ့တော့ လဲတယ်ဆိုတာ ရှိမှာပဲ။ တော်ပါပြီ။ ကိုကိုက ဒါတွေကို နားလည်မှာမှ မဟုတ်တာ။ ဒီလိုဒဿနတွေက အိမ့်တို့ကို EQ ကောင်းတဲ့သူတွေပဲ နားလည်တာ❞

❝အံမယ်...သူကပဲ ပြောရတယ်ရှိသေး။ ငါက နင့်ထက်အရင် လူဖြစ်လာတဲ့ကောင်ပါ။ နင့်ထက်ပိုသိတယ်❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now