1K 43 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၃)

ဝင်းမောင်တစ်ယောက် ကားထဲမှ ဆင်းဆင်းချင်း ကားမှန်ကို ကြည့်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ပြန်သ,လိုက်သည်။ ဝတ်ထားတဲ့ ကုတ်အင်္ကျီကို သေချာလေး ဆွဲဆန့်ပြီး စိတ်တိုင်းကျပြီဆိုမှ ကော်ဖီဆိုင်လေးထဲသို့ ဝင်လာခဲ့လိုက်သည်။

ဆိုင်ထဲကိုဝင်ဝင်ချင်း အများကြားမှာ ထင်းခနဲဖြစ်နေသော သူမအလှကြောင့် သူမထိုင်နေရာဆီသို့ မပြေးရုံတမယ် လှမ်းသွားလိုက်သည်။

❝ဝေမာ...ဆောရီးဟာ။ စောင့်ရတာ ကြာသွားလား❞

❝မကြာသေးပါဘူး။ ငါလည်း ခုနလေးမှ ရောက်တာ။ နင့်အတွက်ရော ကြိုမှာထားတယ်။ ဖာလူဒါလေ၊ သောက်တယ်မလား❞

❝အင်း❞

ဝေမာဆိုတဲ့အမျိုးသမီးဟာ သူနဲ့ ကျောင်းနေဖက်သူငယ်ချင်း။ နောက်တစ်ခုက သူ တိတ်တခိုး မြတ်နိုးခဲ့ရတဲ့ သူ့ရဲ့အချစ်ဦး။ ၁၀ တန်းပြီးသွားကတည်းက ရွေးချယ်တဲ့လိုင်းတွေ ကွဲသွားပြီး ဝေမာနဲ့လည်း အဆက်ပြတ်သွားခဲ့သည်။

Facebook မှာ ဝေမာ့နာမည်ကို အင်္ဂလိပ်လိုတစ်မျိုး၊ မြန်မာလိုတစ်ဖုံ လိုက်ရှာကြည့်ပေမယ့် မတွေ့ခဲ့ရ။ လွန်ခဲ့တဲ့ ၃ ရက်ကမှ သူ see first လုပ်ထားတဲ့ Page တစ်ခုရဲ့ post အောက်မှာ သူ့ comment ကို ဝေမာက react လာပေးခဲ့သည်။ ထိုနေ့ကတည်းက ဝေမာနဲ့ အဆက်အသွယ်ရှိခဲ့ကြသည်။

❝ဒီနေ့ ငါ့မွေးနေ့မှန်း ဘယ်လိုသိလဲ။ ငါ့မွေးနေ့ကိုလည်း only me လုပ်ထားတာပါ❞

❝နင့်မွေးနေ့ကို ၁၀ တန်းကတည်းက မှတ်မိနေတာ❞

❝ဟယ်...တကယ်ကြီး??❞

❝အင်း၊ နင် အခု ဘယ်သွားချင်လဲ။ ငါ လိုက်ပို့မယ်❞

❝လောလောဆယ်တော့ ဘာမှ မစဉ်းစားရသေးဘူး။ ငါ့မွေးနေ့ကို ဘယ်သူမှလည်း အရေးတယူ ကျင်းပပေးတာမျိုး မရှိခဲ့တော့ ငါ့မှာ မွေးနေ့နဲ့ပတ်သက်ပြီး အစီအစဉ်ဆွဲထားတာမျိုးတွေ မရှိဘူး❞

ဝင်းမောင် ဝေမာ့ကို ဂရုဏာသက်စွာ ကြည့်လိုက်မိသည်။ ဝေမာက မိတဆိုးလေးဖြစ်သလို ဖခင်ဆိုတာကလည်း အလုပ်ကိစ္စနဲ့ အဝေးကို ရောက်နေသူ။ သူမကိုယ်တိုင်ကလည်း အလုပ်ထဲကိုသာ ဘဝကို ပုံအပ်ထားသူမို့ သူမဘဝမှာ ပျော်စရာဆိုတာတောင် ရှိသေးရဲ့လားမသိ။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now