၃၇(ဇာတ်သိမ်းပိုင်း - ၁)

1.4K 26 0
                                    

<Unicode>

တကယ်တမ်းတော့...
အပိုင်း (၃၇)
(ဇာတ်သိမ်းပိုင်း - ၁)

ညနေခင်းရောက်ခါမှ ငွေရောင်မိုးစက်တွေက အငြိုးကြီးစွာ တဝေါဝေါ ရွာချလိုက်လေတော့သည်။ ကုမ္ပဏီတွင်းမှ ခပ်သွက်သွက်လျှောက်လှမ်းလာတဲ့ မိန်းမပျိုတစ်ယောက်ကတော့ မိုးစက်တွေနဲ့ အေးစက်စက်လေကြမ်းကို ဂရုမစိုက်သည့်အလား မိုးရေထဲသို့ ထွက်လာတော့သည်။

သူမမျက်နှာပေါ်မှာတော့ မိုးရေတွေနဲ့အတူ မျက်ရည်တွေပါ ရောစပ်စီးကျနေတာကိုတော့ သူမကိုယ်တိုင်သာ သိပေလိမ့်မည်။

..........လွန်ခဲ့သော ၁၅ မိနစ်ခန့်က..........

တဂွီဂွီမြည်နေတဲ့ ဗိုက်ကို ပွတ်သပ်ရင်း ရုံးခန်းဆီသို့ ပြန်လာခဲ့လိုက်သည်။ ဝင်းမောင်နဲ့ ဝေမာတို့ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံကာ အပြုံးဝေနေကြတာကို မကြည့်ချင်လို့ စားသောက်ဆိုင်ဆီ ပြန်ထွက်လာခဲ့ပေမယ့် ဆိုင်ရောက်တော့မှ ပိုက်ဆံအိတ်ပါမလာမှန်း သိခဲ့ရသည်။

ဘာမှလည်း မစားချင်တော့သလို ရုံးခန်းဆီလည်း ပြန်မသွားချင်သေးတာကြောင့် ကုမ္ပဏီအနားက ရှော့ပင်းမောမှာ ၇ ပတ် ပတ်ပြီး ပြန်လာခဲ့လိုက်သည်။ ညနေ ၄ နာရီဆိုတော့ မဝေလည်း ပြန်သွားလောက်ပါပြီ။

သို့သော် ရုံးခန်းဆီ ပြန်လာချိန်မှာတော့ ခွန်းတွေးထားသလို မဟုတ်။ အခန်းတံခါးက ခပ်ဟဟလေး ဖြစ်နေတာမို့ ချက်ချင်း ဝင်မသွားသေးဘဲ အထဲကို ချောင်းကြည့်လိုက်မိတာကိုက ခွန်းရဲ့ မဟာအမှား။

ရုံးခန်းထဲက ဆိုဖာရှည်ပေါ်မှာ ဝေမာက ဘေးတစောင်းအိပ်နေပြီး သူမရဲ့ မျက်နှာချင်းဆိုင်က ဆိုဖာမှာတော့ ဝင်းမောင်က တိတ်ဆိတ်စွာ ထိုင်နေလေသည်။ ဝေမာ့ကို ငေးကြည့်နေတဲ့ ဝင်းမောင်ရဲ့အကြည့်တွေမှာ ကြင်နာမှုတွေ ရောယှက်နေမှန်း ခွန်း မြင်တာနဲ့ သိပါသည်။ သိတာကြောင့်လည်း ဝဲဘက်ရင်အုံမှ နာကျင်မှုကို ခံစားလိုက်ရသည်။

ဝင်းမောင်သည် ဝေမာ့ကို ထိုင်ငေးနေရင်းကနေ ဆိုဖာပေါ်မှ ထလာပြီး ဝေမာ့အနားသို့ တဖြည်းဖြည်း လျှောက်လာလေသည်။ ဆိုဖာနောက်မှီပေါ် တင်ထားတဲ့ ဝေမာ့အပေါ်ဝတ်ကို သူမကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် ဝေမာ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး အကြင်နာမျက်ဝန်းတွေနဲ့ ငေးကြည့်နေပြန်သည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now