၂၇

498 18 2
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၇)

❝ဖွား...❞

ခွန်း ယောဂီဝတ်နဲ့ ပုတီးစိပ်နေတဲ့ အဖွားဖြစ်သူထံ မပြေးရုံတမယ် လှမ်းသွားလိုက်သည်။ မြန်မာပြည်ကိုပြန်ရောက်ကတည်းက ဖွားနဲ့ မတွေ့ရသေးဘူးလေ။ ဖွားကလည်း လောကီကိစ္စတွေနဲ့ သိပ်မထိတွေ့ချင်တော့တာမို့ ခွန်းကို အကြောင်းကိစ္စမရှိလျှင် မလာဖို့ မှာထားသည်။

❝ဖွား...နေကောင်းတယ်နော်❞

❝ကောင်းပါတယ် မြေးရယ်...ဒါနဲ့ သမီးအစ်ကိုရော..❞

❝ဟုတ်။ ကောင်းပါတယ် ဖွား❞

ခွန်း ဒီလောက်သာ ပြောနိုင်တော့သည်။ နိုင်းကြုံခဲ့ရတဲ့ ပြဿနာတွေကိုသာ ဖွားကိုပြောပြလိုက်ရင် ဖွားစိတ်ညစ်ရတာပဲ အဖက်တင်သွားမည်လေ။

❝မြေးတို့ နေရထိုင်ရတာ အဆင်ပြေရဲ့လား❞

❝ဟုတ်...ပြေပါတယ် ဖွား❞

❝အင်း...သံသာလေးသာရှိသေးရင် မြေးတို့ကို ကောင်းကောင်းကြီး ထောက်ပံ့နိုင်မှာ❞

❝အန်တီသံသာက ဆုံးသွားတာကြာပြီလေ ဖွားရဲ့❞

ခွန်းကထိုသို့ပြောတော့ ဖွားက ခေါင်းတခါခါဖြင့် အဝေးကို ငေးကြည့်နေသည်။ သက်ပြင်းတွေချည်း ခဏခဏချနေလေတော့ ခွန်းစိတ်ထဲ သိချင်တာတွေ တိုးလာရသည်။

❝ဖွား...ဘာဖြစ်လို့လဲဟင်...ဖွားကြည့်ရတာ တစ်ခုခုပြောစရာရှိသလိုပဲ❞

❝ဖွား အစက မပြောတော့ဘူးလို့ တွေးထားတာ။ ဒါပေမယ့် မြေးလေးလည်း အရွယ်ရောက်ပြီဆိုတော့ သိထားသင့်တယ်ထင်လို့❞

❝ဟုတ်။ ပြောပါ ဖွား။ ခွန်း နားထောင်နေပါတယ်❞

ဖွားက ခွန်းကိုမကြည့်ဘဲ အဝေးကိုသာ ဆက်ငေးရင်း ရင်ထဲမှာ သိမ်းဆည်းထားသမျှကို ဖွင့်ဟလာသည်။

-

❝ဆရာ...အဲ့အန်တီက ဘယ်ကလဲ❞

အိမ့် ရုံးခန်းဘေးက အခန်းကျဉ်းလေးထဲမှာ တွေ့ခဲ့ရတဲ့ မိန်းမကြီးအကြောင်း မေးလိုက်ခြင်းဖြစ်သည်။

❝မနေ့က ဟောပြောပွဲပြီးတော့ အားလုံး သိမ်းဆည်းနေကြတုန်း ငါတို့ဆီ ရောက်လာတာ။ အကုန်လုံးက အလုပ်ရှုပ်နေတော့ သူ့ကို သတိမထားမိဘူးလေ။ သူလဲကျသွားတော့မှ အကုန်လုံး ပျာယာတွေခတ်ကုန်ရတာ။ ဘယ်သူလဲတော့ ငါလည်း မသိဘူး။ ဒီအတိုင်း ဒုက္ခရောက်နေလို့ ခဏခေါ်ထားတာ။ ဘယ်လောက်တောင် ပင်ပန်းထားလဲမသိဘူး။ မနေ့ကတည်းက ဆေးသွင်းပြီး အိပ်ပျော်သွားတာ ခုထိပဲ။ သူနိုးလာမှ အကျိုးအကြောင်း မေးကြည့်ရမှာ❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Donde viven las historias. Descúbrelo ahora