၂၉

484 18 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၉)

ရှိန်းမှာ ရုတ်တရက်ဖြစ်သွားသော အခြေအနေတစ်ခုကြောင့် အားလုံးကို အံ့အားသင့်စွာ လိုက်ကြည့်နေမိသည်။ အိမ့်လည်း ထိုနည်းတူစွာပင်။ နေသစ်မျက်လုံးတွေကိုတစ်လှည့် ခွန်းဖက်တွယ်ထားတဲ့ သူ့လက်မောင်းကိုတစ်လှည့် ကြည့်နေရင်းမှ နားမလည်သလိုဖြစ်လာရသည်။

❝မ...❞

ခေါ်ပြန်ပြီ။ တခြားမိန်းမတစ်ယောက်နဲ့ တွဲနေရင်းကကို အိမ့်ကို မ,လို့ ခေါ်နိုင်သေးသည်။ နင့်စိတ်က အံ့ဩစရာကောင်းလိုက်တာ နေသစ်တေးရယ်။

အိမ့် ဆုပ်ကိုင်ခံထားရတဲ့ ရှိန်းလက်ထဲမှ ဆောင့်ရုန်းရင်း ထိုနေရာမှလူတွေအားလုံးကို ကျောခိုင်းလာခဲ့လိုက်သည်။ တက္ကစီသမားဦးလေးကြီးက စောင့်နေသေး၍ တော်ပါသေးသည်။

❝ပြန်မယ် ဦးလေး❞

အိမ့်စကားအဆုံးမှာတော့ အိမ့်တို့ကို ဇာတ်ကားတစ်ကားကြည့်သလို ငေးကြည့်နေတဲ့ ဦးလေးကြီးလည်း သတိဝင်လာပြီး ကားကို မောင်းထွက်လာခဲ့လိုက်သည်။

❝ကိုသစ်...❞

❝ခွန်း...ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ❞

နေသစ် ခွန်းလက်ကို ဖြေချရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ သူမသိတဲ့ သူစိမ်းယောက်ျားတစ်ယောက်က သူတို့ကို ရပ်ကြည့်နေသည်။

❝သူက ဘယ်သူလဲ❞

❝ခွန်းကိုလိုက်ပို့တာ။ ကိုဈာန်ထူးလေ...မှတ်မိလား❞

❝မသိဘူး❞

❝ခွန်းနဲ့မဝေကို ကယ်ခဲ့ဖူးတယ်လေ❞

ဒီလူနဲ့ခွန်းက ဘယ်လိုလုပ် ပြန်တွေ့ကြတာလဲ။ စိတ်ထဲ အလိုမကျသလို ဖြစ်မိသွားပေမယ့် နှုတ်ကတော့ ထုတ်မမေးဖြစ်ပါ။

❝စကားပြောရအောင် နေသစ်...❞

ရှိန်းဘက်မှ စကားစလာတော့ နေသစ် ဘုကြည့်ကြည့်လိုက်သည်။

❝ပြောစရာမရှိဘူး❞

❝ငါကတော့ ရှိတယ်။ အိမ့်နဲ့ပတ်သက်ပြီး...❞

အိမ့်နဲ့ပတ်သက်တယ်ဆိုတော့ နေသစ်ရင်ထဲ ဒုတ်ခနဲ ဖြစ်သွားရသည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now