<Unicode>
※တကယ်တမ်းတော့...※
အပိုင်း (၂၅)❝ခွန်း...❞
❝ဟယ်...ကိုသစ်...ခွန်းကို လာကြိုတာလား❞
❝အင်း။ ခွန်း အလုပ်ပြီးပြီလားလို့❞
❝ခွန်းအလုပ်ပြီးတယ် မပြီးဘူးဆိုတာ ဆရာ့အပေါ်မှာပဲ မူတည်ပါတယ်။ သူ့သာမေးကြည့်❞
ခွန်းက ဝင်းမောင်ဘက်ကို မေးငေါ့ပြတော့ ဝင်းမောင်က ပြုံးရင်း
❝လာကြိုတဲ့သူရှိမှတော့ ဇွတ်နေခိုင်းဖို့လည်း မသင့်တော့ပါဘူး။ အလုပ်ပေးဆင်းလိုက်ပါ့မယ်။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ၄ နာရီထိုးမှ လာခဲ့ပါ။ သတ်မှတ်ထားပြီးသားရုံးဆင်းချိန်ကို တစ်ယောက်ပျက် ၂ ယောက်ပျက်ကနေ အားလုံးက မလေးစားဘဲ ပျက်ကွက်ကြမှာကို စိုးရိမ်လို့ပါ❞
❝အဲ့လောက်လည်း မစိုးရိမ်ပါနဲ့ ဆရာရယ်။ အားလုံးက ဆရာထင်သလို မဆိုးကြပါဘူး❞
ခွန်းစကားကို ဝင်းမောင်က ခေါင်းရမ်းပြရင်း
❝ဘယ်သူ့ဘယ်သူကိုမှ ဆိုးတဲ့ပုဒ်မတပ်ပြီး ပြောချင်တာမဟုတ်ဘူး။ အချိန်နဲ့အချိန် လုပ်တတ်ဖို့ ပြောချင်တာ❞
❝ဒါပေမယ့်...❞
❝ခွန်း...ဆရာပြောတာ ဘာမှားလို့လဲ။ ကောင်းဖို့ပြောတာကို နာခံတတ်ရမယ်လေ။ ကိုဝင်းမောင်ပြောတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်က ခွန်းလို တပည့်လုံးလုံးခံယူထားတာမဟုတ်ပေမယ့် ကိုဝင်းမောင်က ကျွန်တော့်ကို သင်ပြထားတာတွေရှိတော့ ကျွန်တော့်ရဲ့ဆရာပါပဲ။ ဆရာပြောတာကို နားထောင်ရမှာပေါ့။ ကျွန်တော် နောက်တစ်ခါ ၄ နာရီထိုးမှ ခွန်းကိုလာကြိုပါ့မယ်❞
❝နေသစ်ကို ဆရာချီးကျူးတာ တကယ်မှန်တယ်။ ဆိုဆုံးမတာကို နာခံတယ်။ တချို့နဲ့တော့ ကွာတာပေါ့လေ❞
ဒါ ခွန်းကို စောင်းပြောတာ။ ယောက်ျားဖြစ်ပြီး စောင်းမြောင်းပြောတတ်တဲ့ ဒီလူကြီးကို ခွန်း အမြင်ကပ်လာရသည်။
❝ဒီနေ့တော့ ခေါ်သွားလိုက်တော့မယ်နော်❞
❝ကောင်းပါပြီ❞
![](https://img.wattpad.com/cover/177326865-288-k738.jpg)
YOU ARE READING
RomanceThe 6th series Love may be painful when one is lain by her lover.