၁၃

464 18 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၃)

နေသစ်ရဲ့တောင်းဆိုချက်ကြောင့်ရော သူမကိုယ်တိုင် ဆန္ဒရှိတာကြောင့်ရော နိုင်းကို လာတွေ့ရပေမယ့် တကယ်တမ်း မျက်နှာချင်းဆိုင်တွေ့ကြရတော့ ဘာပြောလို့ပြောရမှန်း မသိတော့။ သံတိုင်တွေကြားမှနိုင်းကို ဘာမှမပြောဘဲ စိုက်ကြည့်နေမိသလို နိုင်းကလည်း သူမကို ကြည့်နေရင်း အချိန်တချို့ ကုန်ဆုံးသွားခဲ့ကြသည်။

❝နေရတာရော အဆင်ပြေရဲ့လား❞

❝ဟင် ! အဲ...အင်း။ ပြေ ပြေပါတယ်❞

တကယ်တမ်း အခြေအနေကို မေးလာသူက နိုင်းဖြစ်နေတာကြောင့် ဝေမာ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။ အထဲကလူကို အဆင်ပြေရဲ့လား ဘာညာ မေးရမှာကို ခုတော့ သူမကို ပြန်မေးနေရတဲ့ဘဝ။

❝နိုင်းရော နေရတာ အဆင်ပြေရဲ့လား❞

ဝေမာ့အမေးကြောင့် နိုင်း ဟက်ခနဲ ရယ်လိုက်မိသည်။

❝ကျ ကျွန်မ တောင်းပန်ပါတယ်။ ဒီလို မမေးလိုက်သင့်ဘူး။ ဒီထဲမှာနေမှတော့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ကျွန်မကိုက အရိပ်အခြေ မကြည့်တတ်တာ❞

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ ဆိုလိုက်တဲ့ ဝေမာ့အား နိုင်း ခေါင်းရမ်းပြလိုက်ရင်း

❝မဟုတ်ပါဘူး။ မေးတာ မှန်ပါတယ်။ ကျွန်တော့်အတွက် အဆင်ပြေပါတယ်❞

❝နိုင်းရယ်...❞

❝ကျွန်တော် ဝေလို့ ခေါ်လို့ရလား❞

❝ရှင် ! ဟုတ်၊ အဲ...အင်း၊ ရပါတယ်❞

❝ဝေ နေသစ်စီစဉ်ပေးတဲ့အိမ်မှာနေဖို့ သဘောတူလိုက်ပါ။ ဝေ့အတွက် ဘေးကင်းဖို့လိုတယ်လေ❞

❝နိုင်း...❞

အချုပ်ထဲရောက်နေတာတောင် သူမအတွက် စဉ်းစားပေးနေတဲ့ နိုင်းရဲ့ စေတနာထုထည်က လွန်စွာကြီးမားမှန်း ဝေမာ ရိပ်စားမိပါသည်။ သူမအတွက် ခုလိုတွေလုပ်ပေးနေလို့လည်း အားနာပြီးရင်း အားနာမိသည်။

❝နိုင်း...မနက်ဖြန် တရားခွင်မှာ ကျွန်မလည်း သက်သေအဖြစ် ပါဝင်ပေးမှာပါ။ ရှေ့နေကြီးကလည်း နိုင်းကို ပြောပြီးရောပေါ့။ ဒါက လူသတ်မှုမဟုတ်ဘဲ လူသေမှုှဆိုတာ❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now