၁၈

427 19 3
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း(၁၈)

❝ကိုသစ်...❞

❝ခွန်း...❞

သူ့ဆီပြေးလာသောခွန်းအား အလိုက်သင့် ဖက်ထားလိုက်မိသည်။ ခွန်းကတော့ သူ့ရင်ခွင်ထဲတိုးဝင်ကာ တအိအိငိုနေပါတော့သည်။

❝ခွန်း...ဘာဖြစ်သွားသေးလဲ။ ဘယ်နားထိခိုက်သွားသေးလဲ...ဟမ်❞

❝ဘာမှမဖြစ်ပါဘူး ကိုသစ်။ ဒါပေမယ့်...ဒါပေမယ့် ခွန်းကြောက်တယ်❞

❝အစ်ကိုရောက်လာပြီလေကွာ။ မကြောက်နဲ့တော့နော်❞

ရင်ခွင်ထဲမှခွန်းအား နှစ်သိမ့်စကားဆိုရင်း မျက်နှာစိမ်းတစ်ဦးအကူအညီနဲ့ ရပ်နေရတဲ့ ဝေမာ့ကိုမြင်တော့ စိုးရိမ်သွားရပြန်သည်။

❝မဝေ...❞

❝ကျွန်မ ဘာမှမဖြစ်ပါဘူး နေသစ်။ တော်ပါသေးရဲ့။ ဒီကမောင်လေးသာ ဝင်မကူရင် ကျွန်မတို့ဘဝတော့ မတွေးဝံ့စရာပဲ❞

ဝေမာ့အနားမှာရပ်နေတဲ့ ထိုလူက သူမတို့ကို ကူညီခဲ့တာတဲ့လား။

❝ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်သိချင်တယ်။ ဒါပေမယ့် လောလောဆယ်တော့ ကိုမြင့်ကို ဆေးရုံပို့မှဖြစ်မယ်❞

❝ဟင် !!! ကိုမြင့်ရော ထိခိုက်သွားတာလား❞

❝အင်း။ အရိုက်ခံလိုက်ရတာထင်တယ်။ ခွန်း...မကြောက်နဲ့တော့နော်❞

❝ဟုတ်❞

နေသစ် ခွန်းလက်ကို ဆုပ်ကိုင်ရင်း အိမ်ပြင်သို့ ထွက်လာခဲ့လိုက်သည်။ ဝေမာလည်း ထိုမျက်နှာစိမ်းရဲ့ ဖေးမမှုနဲ့ အိမ်ပြင်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လိုက်ရသည်။

နေသစ်လည်း ကိုမြင့်ခန္ဓာကိုယ်ကြီးကို မ,ပြီး ကားပေါ်တင်ကာ ကျန်တဲ့သူတွေကိုလည်း ကားပေါ်တက်စေပြီး ဆေးရုံသို့ မောင်းထွက်ခဲ့လိုက်တော့သည်။

ပြင်ပလူနာဌာန၏ ခုံတန်းရှည်လေးတစ်ခုတွင် ဝေမာ၊ ခွန်းနဲ့ မျက်နှာစိမ်းယောက်ျားတစ်ဦး ထိုင်နေကြသည်။ ခုံတန်းဆီသို့လျှောက်လာတဲ့ နေသစ်ကိုမြင်တော့ ဝေမာက ထိုင်ခုံကို အားပြုရပ်ရင်း

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now