825 37 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၅)

အိမ့်တာဝန်ကျရာဌာနကိုရောက်တော့ မနေ့က အိမ့်လိုပဲ အင်တာဗျူးအောင်ပြီး ရောက်လာကြတဲ့သူတွေကို တွေ့လိုက်ရသည်။ အားလုံးက တစ်ယောက်နဲ့တစ်ယောက် မသိကြသေးပေမယ့်လည်း အကြည့်ချင်းဆုံတာနဲ့ ပြုံးပြနှုတ်ဆက်တတ်တာက လူမှုဆက်ဆံရေးကောင်းမှုရဲ့ ပြယုဒ်တစ်ခုပင်။

❝ကဲ...အားလုံး မင်္ဂလာနံနက်ခင်းလေးပါနော်။ အစ်မက ဒီဌာနရဲ့ မန်နေဂျာ ဝေဝေမာပါ။ အားလုံးကို ကြိုဆိုပါတယ်❞

ဒါက ကိုကိုပြောတဲ့ ဝေမာဆိုတဲ့ အမျိုးသမီး။ လှပမှုနဲ့အတူ ရင့်ကျက်တည်ငြိမ်မှုကိုပါ ပေါင်းစပ်လိုက်တော့ သူမအလှက အမြင်ရိုးမသွားဘဲ ကြည့်ရသူရင်ကို အေးမြသွားစေသည်။

အိမ့်တို့ကို အရင်ဆုံး အလုပ်သင်အနေနဲ့ အစမ်းခန့် ၃ လ ခန့်ထားတာဖြစ်လို့ တရားဝင်(အမြဲတမ်း)ဝန်ထမ်းတွေမှာသာ ချိတ်ဆွဲရတဲ့ ဝန်ထမ်းကတ်ပြားကိုတော့ မရကြသေး။ အလုပ်သင်က အိမ့်အပါအဝင် အားလုံးပေါင်း ၅ ယောက်ရှိပြီး ဝေမာရဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာ လုပ်ကိုင်ကြရသည်။

အလုပ်သင်တစ်ယောက်စီကို စားပွဲတစ်လုံးစီ ပေးကာ အလုပ်လုပ်စေသည့်အတွက် နည်းနည်းတော့ သက်သောင့်သက်သာ ရှိလှသည်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်က ကြားခဲ့ဖူးတဲ့ အလုပ်သင်တွေလို ဣန္ဒြေမမဲ့တော့ဘူးလေ။

ပထမဆုံးနေ့မှာတင် သင်ယူမှုကို စတင်ပြုလုပ်ရသည်။ computer ထဲမှာ ထည့်သွင်းပေးထားတဲ့ ကုမ္ပဏီရဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ မျိုးစေ့တွေအကြောင်း၊ ပျိုးပင်အမျိုးအစား စတာတွေကို ကိုယ်နိုင်သလောက် မှတ်သားရပေသည်။

❝ညီမက ဝင်းမောင်ရဲ့ ညီမလေးလား❞

❝ရှင်...ဟုတ်❞

ထမင်းစားချိန်ရောက်တော့ ထမင်းချိုင့်ပါမလာဘဲ ကြောင်တောင်တောင်လေးဖြစ်နေတဲ့အိမ့်ဆီ ဝေမာက ထမင်းချိုင့်လေးကိုင်ရင်း ရောက်လာသည်။

❝ဝင်းမောင်ကြိုပြောထားလို့ သိပြီးပါပြီ။ အစ်မက ဝင်းမောင်ရဲ့ သူငယ်ချင်းပါ။ ရင်းရင်းနှီးနှီး မဝေလို့ ခေါ်နော်❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Donde viven las historias. Descúbrelo ahora