၂၁

426 19 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၁)

❝မောင်ရှိန်းကျော်စွာ...ပြန်လာတာကို လာမကြိုလိုက်ရလို့ ဗွေမယူနဲ့နော်။ အန်ကယ်လည်း အလုပ်တွေရှုပ်နေတာနဲ့ မလာနိုင်ဖြစ်သွားတယ်❞

❝ကျွန်တော်နားလည်ပါတယ်။ ဗွေလည်း မယူပါဘူး။ ဒါနဲ့ ရုံးခွဲတစ်ခု ထပ်ဖွင့်ဖြစ်တယ်ဆို❞

❝အင်း။ အန်ကယ်လည်း အဲ့ဒါပဲ ပြောမလို့။ မောင်ရှိန်းကျော်စွာ ရောက်လာပြီဆိုတော့ အဲ့ဒီရုံးခွဲကို ဦးစီးပေးပါလား။ အန်ကယ်တစ်ယောက်တည်း လက်မနိုင်လို့❞

❝ဟုတ်ကဲ့။ ကျွန်တော် ကြိုးစားပါ့မယ်❞

ဦးမာန်ထင်ရဲ့စကားကို ရှိန်း ခေါင်းညိတ်လက်ခံလိုက်သည်။ သူ ထိုင်းကိုမသွားခင်က ဦးမာန်ထင်ရဲ့ မကောင်းသတင်းတွေကို တစ်စွန်းတစ်စ ကြားမိပေမယ့် ကိုယ်နဲ့ အလုပ်အတူတွဲလုပ်တဲ့သူဆိုတော့ ဘာမှ ဝင်မပြောဖြစ်ခဲ့။ မိန်းမကိစ္စနဲ့ သတင်းထွက်ထားသူမို့ အတူတွဲမလုပ်ချင်တော့တာ အမှန်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် ရုံးခွဲမှာလုပ်ရင်တော့ နေ့တိုင်းတွေ့စရာ မလိုတော့ တစ်ခုကောင်းပါတယ်လေ။

❝သား...❞

ရုံးခွဲမှာဦးစီးဖို့ လေ့လာစရာတွေကို ကြည့်နေတုန်း မာမီက စာဖတ်ခန်းထဲ ဝင်လာသည်။

❝သားကို မာမီမေးစရာရှိတယ်❞

❝ဟုတ်..မေးပါ❞

လက်ထဲကစာရွက်တွေကို ခဏချထားပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တဲ့ မာမီ့ကို ကြည့်ကာ ပြောလိုက်သည်။

❝သားနဲ့နွယ်လေး ခုထိ အတူမနေဖြစ်ကြဘူးမလား❞

❝ဗျာ...မာမီ...ဒါက မာမီ မမေးသင့်တဲ့မေးခွန်းပါ❞

❝မေးရမယ် သား။ မေးကို မေးရမယ်။ မင်းတို့ ၂ ယောက်က မိဘတွေပေးစားလို့ မရင်းနှီးဘဲ ယူလိုက်ရတဲ့သူတွေ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အရင်းနှီးဆုံးဖြစ်ခဲ့ပြီးမှ လက်ထပ်လိုက်ကြတာ။ ဒါနဲ့များတောင် ခုထိ ဘာမှမထူးခြားသေးပါလား။ ပြဿနာရှိတယ်ဆိုလည်း ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ သားရယ်။ မင်းတို့ ဒီပုံစံအတိုင်းကြီး မြန်မာပြည်ကိုပြန်လာတော့ မာမီ ရတက်မအေးဖြစ်မိတယ်❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now