၁၅

436 12 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၅)

❝ရော့...ဒါ သားတို့သွားရမယ့် အထည်ဆိုင်လိပ်စာ❞

❝ဘာဖြစ်လို့လဲ မာမီ❞

ဒေါ်မြသိုက်ကမ်းပေးသော လိပ်စာကတ်လေးကိုကြည့်ပြီး ရှိန်း နားမလည်စွာ မေးလိုက်မိသည်။

❝နောက်လ ၇ ရက်နေ့မှာ သားနဲ့ နွယ်တို့ စေ့စပ်ရမယ်❞

❝ဗျာ !!❞

မာမီ ဘာတွေလျှောက်လုပ်နေတာလဲ။ သူ့ကို ခံစားချက်မဲ့တဲ့ အရုပ်တစ်ခုလို သဘောထားတဲ့အဆင့်က စိုးရိမ်ရေမှတ်ကို ကျော်လွန်လာပြီ။

❝ကျွန်တော် လက်မခံနိုင်ဘူး မာမီ။ ကျွန်တော် အိမ့်ကိုပဲ လက်ထပ်မှာ။ ဘာလို့ မာမီ့သဘောအတိုင်းပဲ စီစဉ်ချင်နေရတာလဲ။ ကျွန်တော့်ဆန္ဒကိုလည်း တစ်ခါလောက်လေးပဲဖြစ်ဖြစ် ထည့်တွေးပေးပါဗျာ❞

❝သားအတွက် တွေးပေးလို့ ခုလိုစီစဉ်ရတာပေါ့❞

❝အိမ့်က ဘာဖြစ်နေလို့လဲမာမီ။ မာမီ သဘောမတူနိုင်လောက်တဲ့အထိ အိမ့်မှာ ဘာအားနည်းချက်များ ရှိနေလို့လဲ❞

ရှိန်းအမေးကြောင့် ဒေါ်မြသိုက် နှုတ်ခမ်းကို မဲ့ပစ်ရင်း

❝သိပ်ရှိတာပေါ့။ ဒီမိန်းမက တစ်ချိန်ကျ သားကို မာမီ့ရင်ခွင်ထဲက ဆွဲထုတ်သွားမှာ❞

❝ဗျာ !!❞

❝ဟုတ်တယ်။ အဲ့ဒါကြောင့် သားကို သူနဲ့လုံးဝ သဘောမတူနိုင်ဘူး❞

❝မာမီရယ်...အိမ့်က အဲ့လိုလုပ်မယ့်သူမှ မဟုတ်တာ❞

❝ဆက်မပြောနဲ့တော့ ရှိန်းကျော်စွာ။ မင်းက ငါ့သား။ အေး။ ငါ့သားက ငါ့ကို ခုလိုမျိုးတွေ ခံပြောနေတယ်ဆိုတာကလည်း အဲ့မိန်းမကြောင့်။ မရခင်ကတည်းကတောင် ဒီလိုဆန့်ကျင်တတ်နေရင် မင်းတို့ ယူပြီးကြတဲ့အခါ ငါ့ရင်ဝကို စုံကန်သွားမှာ❞

❝ကျွန်တော်က အဲ့လိုသားမျိုးမဟုတ်မှန်း မာမီလည်း သိနေတာပဲ❞

❝လူဆိုတာ အချိန်မရွေး ပြောင်းလဲတတ်တဲ့ သတ္တဝါပဲ ငါ့သား။ မင်းလည်း စပြီး ပြောင်းလဲနေပြီ။ ငါကတော့ ငါ့စကားကိုနားထောင်တဲ့ သားကိုပဲ ပြန်လိုချင်တယ်။ မဘက်လိုက်ပြီး မိုက်ကန်းမယ့် သားမျိုးကို ငါ အလိုမရှိဘူး❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now