Happy Valentine Day

525 27 0
                                    

<Unicode>

※တကယ်တမ်းတော့...※
(Happy Valentine Day)

❝ကိုရှိန်း...ထမင်းစားပြီးရင် ပျိုးပင်ခြံဆီ သွားရအောင်❞

❝အင်း...သွားမယ်လေ❞

ကုမ္ပဏီရဲ့ မြေညီထပ်မှာရှိတဲ့ ပျိုးပင်တွေကို စနစ်တကျ စိုက်ပျိုးပြုစုထားတဲ့ ခြံက အမြဲလိုလို တိတ်ဆိတ်နေတတ်သည်။ တစ်ခါတလေ သူတို့ ၂ ယောက် ထိုပျိုးပင်ခြံသို့သွား၍ လမ်းအတူလျှောက်ရင်း စကားတွေ ပြောဖြစ်ကြသည်။ လူတွေရဲ့ မျက်လုံးတွေနဲ့ ကင်းဝေးရာ ထိုခြံလေးက သူတို့အတွက်တော့ သီးသန့်ကမ္ဘာလေးတစ်ခုလိုပင်။

❝ကိုယ့်ကို ဒီခေါ်လာတယ်ဆိုတော့ ပြောစရာ တစ်ခုခု ရှိလို့လား❞

❝အင်း...ရှိတယ်❞

ရှိန်းက အိမ့်ပုခုံးကို အသာဖက်ထားပြီး အိမ့်ဆက်ပြောလာမယ့်စကားကို နားစိုက်ထောင်နေလိုက်သည်။

ပျိုးပင်အစီအတန်းတွေကြား လူသွားလမ်းလေးတွေ လုပ်ထားပေးတာမို့ လမ်းလျှေုာက်ရင်း စကားပြောဖို့အတွက် အဆင်ပြေလှသည်။

❝မနက်ဖြန် ကျွန်မတို့ မင်္ဂလာဆောင်တစ်ခုကို သွားရမယ်❞

❝အိမ့်အသိလား❞

❝အဲ့လိုပဲ ဆိုရမှာပေါ့။ သတို့သားနဲ့ သတို့သမီးကတော့ ကျွန်မနဲ့ အရမ်းကြီး မရင်းနှီးပါဘူး။ သတို့သားအရံနဲ့ သတို့သမီးအရံကတော့ ကျွန်မနဲ့ တော်တော်လေး ရင်းနှီးတယ်❞

❝ဩော်...❞

❝တကယ်တော့ သတို့သားအရံက ကျွန်မ တစ်ခါပြောဖူးတဲ့ ကျွန်မရဲ့အချစ်ဦးဆိုတာလေ❞

အိမ့် ထိုစကားကိုပြောရင်း ရှိန်းမျက်နှာကို သေချာ အကဲခတ်ကြည့်လိုက်သည်။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှုမရှိတဲ့ သူ့မျက်နှာထားကြောင့် နည်းနည်းတော့ အလိုမကျ ဖြစ်မိသွားသည်။

❝ကိုရှိန်း...ကျွန်မနဲ့ပတ်သက်ပြီး နည်းနည်းလေးမှကို သဝန်မတိုတာလား❞

❝ကိုယ်က ဘာကိုသဝန်တိုရမှာလဲ❞

နားမလည်သလို ပြန်မေးလာတော့ ပို၍ပင် အားမလိုအားမရ ဖြစ်မိသည်။ ဒီလူကြီး ဒါလေးတောင် မသိဘူးလား။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now