၃၇ (ဇာတ်သိမ်းပိုင်း -၂)

2.5K 41 3
                                    

<Unicode>

တကယ်တမ်းတော့...
အပိုင်း (၃၇)
(ဇာတ်သိမ်းပိုင်း-၂)

ဦးမာန်ထင်ရဲ့အမှုကို ပပျောက်အောင် အပြစ်ထပ်လုပ်ခဲ့တဲ့ ဈာန်ထူးရဲ့အပြုအမူကြောင့် တရားခွင်မှာ နိုင်းတို့ဘက်က အသာစီးရသွားပြီး သူတို့ ၂ ယောက်နဲ့ အပေါင်းအပါတွေလည်း ထောင်ဒဏ်အသီးသီးဖြင့် အပြစ်အတွက် ပေးဆပ်ကြရတော့သည်။

အိမ့် ဆေးရုံက ဆင်းတော့ နိုင်းရော ဝေမာပါ နေ့တိုင်းလိုလို လူနာသတင်း လာမေးကြသည်။ တစ်ခါတလေ ခွန်းပါ ပါလာတတ်သည်။

ထိုအခါမျိုးတွင် ဝင်းမောင်တစ်ယောက် နေရခက်မိသည်။ ကိုယ့်ကိုချစ်တယ်လို့ ဝန်ခံထားတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုပုံစံ၊ ဘယ်လိုမျက်နှာပေးနဲ့ မျက်နှာချင်းဆိုင်ရမလဲဆိုတာကို သူ တကယ်မသိပါ။

ဒီနေ့လည်း ခွန်း ပါလာပြန်သည်။ ဝင်းမောင်လည်း ထုံးစံအတိုင်း ခွန်းကိုမြင်တာနဲ့ ရှောင်ဖယ်ရှောင်ဖယ် လုပ်ပါတော့သည်။

"မစုအိမ့်စံ... သက်သာရဲ့လား"

"အင်း၊ နေရထိုင်ရတာ အရင်ကလောက် မဆိုးတော့ဘူး၊ ချုပ်ရိုးနေရာကတော့ ခုထိ နာနေသေးတယ်"

"အိမ့်အတွက်..."

"ဟာ...မဝေကလည်း မဝယ်လာပါနဲ့ဆိုတာကို..."

အိမ့်က ဝေမာပေးလာတဲ့ ပဲနို့တစ်ပါကင်နှင့် ဘတ်တာကိတ်အား မယူချင်ကြောင်း ငြင်းလိုက်ပေမယ့် ဝင်းမောင်ကတော့ ဝေမာ့လက်ထဲမှ အထုပ်တွေကို လှမ်းယူလိုက်ပြီ။

"ပေး ပေး၊ ငါ သွားသိမ်းပေးမယ်"

သူ့လှုပ်ရှားမှုတွေကို ခွန်းက သေချာလိုက်ကြည့်နေတာမို့ သူတို့အားလုံးကို ကျောခိုင်းပြီး အိမ့်အခန်းထဲမှ အမြန်ထွက်လာခဲ့လိုက်သည်။ ဟူး.... ဘယ်လိုခံစားချက်ကြီးပါလိမ့်၊ ငါ ရှက်နေတာများလား။ မဖြစ်နိုင်တာ။ သူ့လိုချာတိတ်ကို ငါက ရှက်ရမှာလား။

"ဝင်းမောင်ပုံစံက တစ်ခုခုပဲနော်"

"ကျန်တဲ့အချိန်တွေတော့ ပုံမှန်ပါပဲ၊ မဝေတို့လာတဲ့အခါဆိုရင်တော့ ဒီလိုဖြစ်ဖြစ်သွားတယ်"

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Donde viven las historias. Descúbrelo ahora