၂၀

491 20 2
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၀)

❝စုအိမ့်စံ...❞

❝ရှင်❞

❝ဘာရှင်လဲ။ နင့်ကိုငါ ပြောရပေါင်းများပြီ။ ဘယ်တော့မှ ငါ့စကားကို နားမထောင်ဘူး။ နင့်ကို ဒီမှာဆက်ထားဖို့ သင့်ရဲ့လား...ဟမ်❞

❝သင့်ပါတယ်❞

❝ဘာသင့်တာလဲ❞

❝ဆရာကလည်း...ကျွန်မ အခု ဘာမှဖြစ်တာမှ မဟုတ်တာ❞

❝အေး။ ကြီးကြီးမားမား မဖြစ်သေးလို့ပေါ့။ နင် ဒီလိုဆက်လုပ်လို့ကတော့ ဂုဏ်ပြုမှတ်တမ်းတစ်ခုနဲ့ အသုဘကျင်းပနေရမယ်❞

❝ဖွဟဲ့...ဆရာကလည်း ကိုယ့်တပည့်လေးကို ပြောရက်တာ❞

❝အေး။ အဲ့လောက်ပြောတာတောင် နင်က မှတ်လို့လား။ ငါ့ကို ဆရာလို့ရော သဘောထားလို့လား။ ငါ့စကားဆို နားကို ဂွမ်းဆို့ထားတဲ့အတိုင်းပဲ။ ဘယ်တော့မှ နားမဝင်ဘူး❞

❝ဆရာကလည်း.... နားကို ဂွမ်းမဆို့ထားပါဘူး။ ဒီမှာကြည့်။ အမေမွေးကတည်းက ဒီပုံစံပဲ။ ဒီနားနဲ့ နားထောင်နေတာပါ❞

အိမ့်က နားအောက်ဖက်ကို ဆွဲပြရင်း ပြောတော့ ဦးမြင့်သိန်းက ခါးထောက်ထားရင်းမှ အော်တော့သည်။

❝စုအိမ့်စံ...တော်တော်အခွက်ပြောင်နေတယ်ပေါ့❞

❝ဟဲဟဲ...ဆရာ့ကို ချော့နေတာပါ❞

❝တိတ်စမ်း။ နင်နော်...ငါ့ကို နင့်မိဘတွေက ဘယ်လိုအပ်ခဲ့လဲ။ နင့်အဖေသာ ငါနဲ့ သုံးဝမ်းကွဲအစ်ကိုမတော်ရင် နင့်ကို တစ်ခါတည်း မီးထဲထည့်ပစ်တယ်❞

❝ဆရာက ကျွန်မကို အဲ့လောက်တောင် မုန်းနေပြီပေါ့❞

ပြုံးစိစိနဲ့ပြောနေတဲ့ အိမ့်ကြောင့် ဦးမြင့်သိန်းမှာ စိတ်ဆိုးနေတာတောင် ဘယ်ရောက်သွားမှန်းမသိ။ ဒီကလေးမ ဘယ်လောက်ဆူဆူ မကြောက်တော့ဘူး။ အရေထူနေပြီ။

❝တော်ပြီ။ နင် နားလိုက်တော့❞

❝ဟာ...မနားပါဘူး။ နေကောင်းပါတယ်ဆို❞

❝ဒီခြေထောက်နဲ့ ဟိုပြေးဒီပြေး လုပ်ဦးမလို့လား။ ဘာလဲ။ တစ်ရက် ၂ ရက် မနားဘဲ တစ်သက်လုံး နားချင်လို့လား❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now