<Unicode>
※တကယ်တမ်းတော့...※
အပိုင်း (၈)တစ်နေကုန် လျှောက်လည်ပြီး၍ ရှိန်း အိမ့်ကို အိမ်သို့ ပြန်လိုက်ပို့ပေးသည်။
❝ပန်းစည်းကို ကျွန်မပဲ ယူထားလိုက်မယ်နော်❞
❝အိမ့်...ခဏ❞
ရှိန်းမှာ ကားပေါ်ကဆင်းဖို့ပြင်နေတဲ့အိမ့်ကို လက်ဆွဲထားလိုက်ပြီး လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်မိသည်။
❝ကိုယ်တို့လက်ထပ်ကြရအောင်❞
❝အင်း❞
အိမ့်ဘက်က အလွယ်တကူ အဖြေပြန်ပေးလာတော့ သူ မပျော်နိုင်။ သူ့ဘက်က အတည်ပြောနေတာဖြစ်ပေမယ့် အိမ့်ကတော့ နောက်နေတယ်လို့ ထင်သွားပုံရသည်။
❝ကိုယ် တကယ်ပြောတာ အိမ့်။ ကိုယ် ပန်းစည်းပေးတုန်းက ပြောခဲ့တာကလည်း အပေါ်ယံ အပျော်သက်သက် ပြောခဲ့တာ မဟုတ်ဘူး။ ကိုယ့်ဘက်က အိမ့်ကို တကယ်လက်ထပ်ချင်လို့ လက်ထပ်ခွင့်တောင်းခဲ့တာ❞
အတည်ပြောနေမှန်းသိတော့ အိမ့် ရှိန်းရင်ခွင်ထဲမှာ ငြိမ်နေရင်းမှ အသာရုန်းထွက်ရင်း သူ့မျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်သည်။
❝ကျွန်မကို တကယ်လက်ထပ်နိုင်တာလား။ ကျွန်မက တစ်ခါတလေ ကလေးဆန်တတ်တယ်။ စိတ်မထင်ရင် မထင်သလို ဒေါသဖြစ်တတ်တယ်။ ဣန္ဒြေကြီးတယ်၊ ရင့်ကျက်တည်ငြိမ်တယ်ဆိုတဲ့ မိန်းမကောင်းတွေထဲမှာ ကျွန်မ မပါဘူး။ ကျွန်မမှာ အပြစ်ပြောစရာတွေ အမျာကြီးပဲ။ ရှင် တကယ်ပဲ လက်ထပ်နိုင်ပါ့မလား❞
အိမ့်မေးခွန်းကိုမဖြေသေးဘဲ အိမ့်လက်လေးကို အသာဆုပ်ကိုင်ရင်း လက်ဖမိုးနုနုအား အနမ်းပေးလိုက်ရင်း
❝ကိုယ်က အဲ့ဒီလို ကလေးဆန်တတ်တာလေးကို ချစ်တာ။ အိမ့်ဒေါသဖြစ်လည်း မှန်မှန်မှားမှား ကိုယ့်ဘက်ကပဲ အလျှော့ပေးမှာမို့ အဲ့အတွက်တော့ ထည့်မပြောပါနဲ့။ ရင့်ကျက်တည်ငြိမ်တယ်ဆိုတာထက် အိမ့်ရဲ့ ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ နေတတ်တဲ့ပုံစံလေးကို ပိုပြီးသဘောကျတယ်။ ကိုယ်ကလည်း ပြီးပြည့်စုံတဲ့သူတစ်ယောက် မဟုတ်လို့ ကိုယ့်ဇနီးလောင်းကလည်း ခြောက်ပြစ်ကင်းသဲလဲစင်ရမယ်လို့ မျှော်လင့်မထားတာမို့ အိမ့်ဘက်က ကိုယ့်ကိုလက်ခံတယ်ဆိုတဲ့ စကားကိုပဲ ပြောလိုက်ရင် ရပြီ❞
YOU ARE READING
RomanceThe 6th series Love may be painful when one is lain by her lover.