၂၈

473 18 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၈)

❝ဝေမာ...နိုင်းကို ထမင်းစားဖို့ သွားခေါ်ပါဦး❞

❝ဟင်...၁၀ နာရီထိုးတော့မှာကို ခုထိ မနက်စာ မစားရသေးဘူးလား❞

❝ဟုတ်တယ်။ မနေ့ညက ခေါင်းတွေအတင်းကိုက်လာလို့ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ။ ခုနလေးကမှ နိုးလာလို့❞

ဝေမာ ဒါတွေကို တစ်ခုမှ မသိရပါလား။ အရင်ကဆို နိုင်းမျက်နှာတစ်ချက်မဲ့တာကအစ သူမကပဲ အရင်ဆုံး သိနေခဲ့ပေမယ့် ခုလို တခြားသူပြောပြမှ သိရတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မကျေသလို ခံစားရသည်။

အခန်းထဲကို ဝင်လာခဲ့တော့ နိုင်းက ကုတင်ပေါ်မှာ ခေါင်းအုံးပိုက်ရင်း ငိုင်ငိုင်လေး ထိုင်နေသည်။

❝နိုင်း...ထမင်းစားရအောင် ဆင်းခဲ့လေ❞

❝မစားချင်ဘူး❞

❝ဘာလို့လဲ။ နေမကောင်းဘူးလား❞

ပြောပြောဆိုဆို ဝေမာ့လက်က နိုင်းနဖူးကို လာစမ်းတော့ အစမ်းမခံဘဲ နောက်ကိုဆုတ်သွားသည်။

❝နိုင်း...ကျွန်မကို တစ်ခုခု မကျေနပ်တာ ရှိနေလား❞

❝မရှိပါဘူး။ ဝေနဲ့ပတ်သက်ပြီး ဘာမှမကျေနပ်တာ မရှိပါဘူး။ ဝေ သွားပါတော့❞

❝နှင်ထုတ်နေတာလား နိုင်း❞

❝မဟုတ်ပါဘူး။ ဝေက ကျွန်တော့်အနားက ထွက်သွားချင်နေတဲ့လူတစ်ယောက်ပဲ။ ကျွန်တော့်အနားမှာ ဆက်နေရင် ဆွဲထားမိတော့မှာစိုးလို့ သွားခိုင်းတာပါ❞

ဒီလိုပြောတော့ ဝေမာ ဝမ်းနည်းမိသည်။ နိုင်းဘက်က ခဏခဏ တားဆီးခဲ့ပေမယ့် သူမကိုယ်တိုင်က ထွက်သွားမယ်တကဲကဲ လုပ်နေခဲ့မိသည်ကိုး။

❝နိုင်း...တကယ်လို့ ကျွန်မက ထွက်မသွားဘူးဆိုရင်ရော..??❞

❝အဟင်း...❞

နိုင်း ပြုံးလိုက်ပါသည်။ သို့သော် အသက်မပါသော အပြုံးတစ်ခုရယ်သာ။

❝ကျွန်တော့်ကို စိတ်ချမ်းသာစေရုံအတွက်နဲ့တော့ မုသားမသုံးပါနဲ့လား❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Où les histoires vivent. Découvrez maintenant