၂၂

440 16 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၂၂)

❝ဆရာ့လူက ဘယ်လိုပါလိမ့်။ တစ်ရက်တည်းလာပြီး ကိုယ်ယောင်ပါ ပျောက်သွားပါလား❞

❝ဟ...သူက နင့်လို အလုပ်လက်မဲ့မဟုတ်ဘူး။ သူ့မှာလည်း ကိုယ်ပိုင်အလုပ်ရှိတာပဲ။ အရေးကြီးမှ လာမှာပေါ့❞

❝ဟွန့်...ပြောတော့ဖြင့် နင်က သင်ပေးလိုက်ပေါ့ ဘာညာနဲ့❞

❝အံမယ်...တော်တော်ကို သင်ပေးချင်နေတာလား။ မှန်းစမ်း။ နင် နေသစ်ကို သတိရနေတာမလား❞

❝ဟာ...ဆရာကလည်း...ဒီအတိုင်း မတွေ့လို့ မေးကြည့်တာ။ သူ မလာတော့ ကျွန်မအတွက် ပိုတောင်လွတ်လပ်သေး❞

❝ဒါနဲ့များ စကားစရှာပြီး ပြောနေရသေး။ တွေ့ချင်ရင် တွေ့ချင်တယ်ပေါ့❞

❝ဟာ...မဟုတ်ပါဘူးဆို❞

အိမ့်က မဟုတ်ကြောင်း ငြင်းနေပေမယ့် ဇွတ်အတင်း ဆိုနေတဲ့ ဆရာ့ကြောင့် အိမ့်မျက်နှာလေး မှုန်ကုပ်လာသည်။

❝ဩော်...ဒါနဲ့ ပြောဖို့မေ့နေတယ်။ ဟိုတစ်နေ့က နင် ငါ့စကားနားမထောင်ဘဲ မီးလောင်တဲ့အထဲ ဝင်သွားတုန်းကလေ...❞

❝အင်း။ ဘာဖြစ်လို့လဲ❞

❝အဲ့တုန်းက နင့်ကို လူတစ်ယောက် ခေါ်ထုတ်လာတယ်လေ။ မှတ်မိလား❞

❝မှတ်မိတယ်လေ။ ဒါပေမယ့် လူကိုတော့ မမှတ်မိဘူး❞

အိမ့်စကားကြောင့် ဦးမြင့်သိန်းက ဖြစ်ရမယ်ဆိုတဲ့မျက်နှာထားနဲ့ ကြည့်လာရင်း

❝အေး။ အဲ့လူက တခြားမဟုတ်ဘူး။ နေသစ်တေးပဲ❞

❝ဟမ်...❞

ဦးမြင့်သိန်းစကားကြောင့် အိမ့် မျက်လုံးလေးပြူးသွားကာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားရသည်။

❝ဟုတ်လို့လား ဆရာရယ်။ ကျွန်မကို မသိဘူးဆိုပြီး စွတ်မရွှီးနဲ့နော်❞

❝ဟုတ်ပါတယ်ဆို။ အဲ့တုန်းက နင့်ဟာနင် မွှန်ပြီး ဘာမှမသိတာ။ ငါက သူ့ကိုမှတ်မိတာပေါ့❞

❝မီးခိုးမွှန်တာပါ❞

❝အေးလေ။ ငါလည်း အဲ့ဒါပြောတာပဲ။ ကောင်လေးက ပရဟိတစိတ်အပြည့်ရှိတယ်နော်။ အပြင်ထွက်လာရင်း လမ်းကြုံတာနဲ့ အမြင်မတော်လို့ ဝင်ကူတာ❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Où les histoires vivent. Découvrez maintenant