၁၆

434 19 0
                                    

<Unicode>

※တကယ်တမ်းတော့※
အပိုင်း (၁၆)

ခွဲစိတ်ခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ နေသစ်ရယ်၊ ဝေမာ့ရင်ခွင်ထဲမှာ ခေါင်းတိုးပြီး ငိုကြွေးနေတဲ့ခွန်းရယ်၊ ခွန်းကိုပွေ့ဖက်ထားပြီး မျက်ရည်မကျအောင် မနည်းအားတင်းထားရတဲ့ ဝေမာရယ်။ သူတို့အားလုံးရဲ့ရင်ထဲမှာတော့ တူညီတဲ့ပူလောင်ခြင်းတွေ ရှိနေမှာ သေချာပါသည်။

နိုင်းအား ဆေးရုံသို့ အချိန်မီပို့နိုင်ခဲ့ပေမယ့် ခုထိ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတာကြောင့် နိုင်းအတွက် ဆုတောင်းပေးနေရုံမှတစ်ပါး ဘာမှမတတ်နိုင်။

❝အီး...ဟင့်...ကိုနိုင်း...ခုထိ ခွဲစိတ်လို့မပြီးသေးဘူးလား။ ကိုနိုင်း...ကိုနိုင်း...ဘာမှမဖြစ်လောက်ပါဘူးနော်❞

❝ဘာမှမဖြစ်ပါဘူး ခွန်းရယ်...နိုင်းက ခံနိုင်ရည်ရှိတဲ့လူတစ်ယောက်ပါ။ သူက ခွန်းကိုလည်း အရမ်းချစ်တာ။ သူ ပြန်ကောင်းလာမှာပါ ခွန်းရယ်။ ပြန်ကောင်းလာမှာပါ❞

ခွန်းကိုနှစ်သိမ့်ပေးနေရပေမယ့် ဝေမာကိုယ်တိုင်လည်း မျက်ရည်မဆည်နိုင်တော့။ ရင်ထဲကအပူမီးကို နိုင်းပြန်ကောင်းလာတဲ့အခါမှပဲ ငြှိမ်းသတ်နိုင်တော့မယ်နဲ့တူပါရဲ့။

ထိုစဉ် ခွဲစိတ်ခန်းတံခါးပွင့်လာပြီး ဝတ်စုံအား တစ်ကိုယ်လုံးဖုံးအောင် ဝတ်ဆင်ထားသည့် ဆရာဝန်ကြီးများ ထွက်လာကြသည်။

❝ဆရာ...❞

သူတို့ ၃ ယောက်လုံး ဆရာဝန်ကြီးထံမှ ထွက်လာမည့်စကားသံကို မျှော်လင့်တကြီး စောင့်နေမိကြသည်။

❝ကျွန်တော်တို့ အကောင်းဆုံးကြိုးစားထားပါတယ်။ အသက်အန္တရာယ်ကို ကျော်လွှားနိုင်ခဲ့ပြီဆိုပေမယ့် လူနာ ပြန်ကောင်းလာဖို့ကတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ဖို့လိုပါတယ်❞

ဘယ်လိုပဲဖြစ်ဖြစ် အသက်အန္တရာယ် မရှိတော့ဆို၍ ၃ ယောက်လုံးရင်ထဲက အလုံးအခဲကြီးတော့ လျော့ကျသွားရသည်။

❝ကိုသစ်...ကိုနိုင်း ပြန်ကောင်းလာမယ်မလားဟင်❞

သူ့ကိုအားကိုးတကြီးမေးလာတဲ့ ခွန်းအား နှစ်သိမ့်စကားအပြင် မဆိုနိုင်တော့။ ခွန်းပုခုံးကို အသာဖက်ရင်း

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now