၁၁

537 18 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၁)

ရှိန်း နွယ့်အိမ်သို့ ထွက်လာခဲ့လိုက်သည်။ ဖုန်းထဲမှာ လာခေါ်မယ်လို့ ပြောပြီးတာနဲ့ ဖုန်းချလိုက်သည်မို့ နွယ့်ဘက်က ဘာပြန်ပြောလဲဆိုတာကို မကြားလိုက်ရ။ ကြားလည်း မကြားချင်။

သူ့ဘက်က နွယ့်ကို မကျေနပ်တာတော့ အမှန်ပင်။ တကယ်ဆို မနေ့က ထမင်းဝိုင်းမှာ မာမီပြောသလိုမဟုတ်ဘူးဆိုတာကို နည်းနည်းပါးပါးတော့ ဝင်ပြောပေးဖို့ သင့်သည်။ သူမဘက်က နှုတ်ဆိတ်နေခဲ့လို့သာ အိမ့်က သူ့ကို အထင်လွဲပြီး စိတ်ဆိုးသွားခဲ့ခြင်းဖြစ်သည်။

❝လေးဖြူမ...❞

နွယ့်အိမ်ထဲရောက်တာနဲ့ ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်ရင်း စာရင်းစစ်နေတဲ့နွယ့်ကို ခပ်ဆက်ဆက်လေး အော်ပစ်လိုက်သည်။ သူ့အော်သံကြောင့် နွယ်က စာကြည့်မျက်မှန်လေးကိုပင့်ကာ တစ်ချက်မော့ကြည့်ပြီး laptop ဆီ အကြည့်ပြန်ရွှေ့လိုက်သည်။

❝နင်တစ်ယောက်တည်းလား❞

❝အင်း❞

ရှိန်း နွယ်နဲ့ မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ ဝင်ထိုင်ရင်း ကားသော့ကို စားပွဲပေါ်တင်ကာ မေးလိုက်သည်။ အရင်ကဆို စကားတွေ ပေါက်ပေါက်ဖောက်သလို ပြောတတ်တဲ့နွယ်က ခုလို တစ်ခွန်းမေး၊ တစ်လုံးဖြေ လုပ်နေတော့ စိတ်ထဲ သဘောမတွေ့ချင်။

❝အန်ကယ်ရော?❞

❝Meeting ရှိလို့ အစောကြီးထွက်သွားတယ်❞

❝ငါဖုန်းဆက်ထားတာကို မေ့သွားပြီလား❞

❝မမေ့ပါဘူး❞

❝ဒါဆို ဘာလို့ထိုင်နေသေးလဲ။ သွားမယ်လေ❞

❝ဘယ်သွားမှာလဲ❞

❝ငါတို့ ၂ ယောက် အေးအေးဆေးဆေး စကားပြောလို့ရမယ့်နေရာကိုပေါ့❞

❝ဒီမှာလည်း ပြောလို့ရတာပဲ။ ဒီမှာဆို နင်နဲ့ငါ ၂ ယောက်ပဲ ရှိတာ။ အပြင်သွားတာကမှ သူများတွေ ကြားရင် ကြားဦးမယ်။ ဒီထဲမှာဆို ငါတို့ကလွဲလို့ ဘယ်သူမှ မကြားဘူး❞

❝ခုမှ နင်နဲ့တူသွားတော့တယ်❞

❝ဘာတူတာလဲ❞

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Onde histórias criam vida. Descubra agora