၁၉

454 18 2
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၉)

အရာအားလုံး အခုမှ တကယ်ပြီးဆုံးသွားခဲ့တာ။ သူ အိမ့်ကို တကယ်ထားပစ်ခဲ့တာ။ သူနဲ့အိမ့်ရဲ့ဇာတ်လမ်းက အခုမှ တကယ်ပြီးဆုံးသွားခဲ့တာ။

❝အိမ့်...❞

အလုပ်ကိုမဝင်တော့ဘဲ အိမ်ကိုတန်းပြန်လာတော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲမှထွက်လာတဲ့ ကိုကိုနဲ့ တိုက်ရိုက်တိုးလေသည်။

❝အိမ့်...ငိုလာပြန်ပြီလား❞

❝ဟင်...မ မငိုပါဘူး ကိုကိုရဲ့❞

ကိုကို့ရှေ့မှာ သူ့ကြောင့် မျက်ရည်မကျစေရပါဘူးလို့ ကတိပေးခဲ့တာကို သတိရမိတော့ မျက်ရည်တွေကို ကမန်းကတန်း သုတ်လိုက်ရသည်။

❝သူနင့်ကို ဘာတွေပြောလိုက်ပြန်ပြီလဲ❞

❝ဟင့်အင်း။ သူ အိမ့်ကို ဘာမှမပြောဘူး။ ဘာမှလည်း မလုပ်ဘူး။ သူ ဘာမှလည်း မသိဘူး။ သူ တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ ထွက်သွားခဲ့တာ❞

❝ထွက်သွားတယ်??❞

❝ဟုတ်တယ် ကိုကို။ သူ သူ့မိန်းမနဲ့အတူ ထွက်သွားခဲ့ပြီ။ အိမ့်မရှိတဲ့ တခြားနေရာတစ်ခုကို သူထွက်သွားပြီ❞

မျက်ရည်မကျဘဲ အသံတွေတုန်ကာ ပြောနေတဲ့အိမ့်ပုံစံကို တစ်ခါမှမမြင်ဖူးတာကြောင့် ဝင်းမောင် အံ့ဩနေမိသည်။ ဒီကောင်မလေးက ထစ်ခနဲဆို မျက်ရည်လွယ်တဲ့သူမဟုတ်လား။

❝အိမ့် ဒီနေ့တော့ အလုပ်မသွားတော့ဘူး ကိုကို။ ဒီနေ့တစ်နေ့တော့ အိမ့်ကို လွှတ်ထားပေးပါ❞

❝နင် ဖြစ်ရဲ့လား❞

ကိုကို့ရဲ့ စိုးရိမ်မျက်ဝန်းတွေကို အိမ့် သေချာကြည့်ရင်း

❝အိမ့်ကိုထိခိုက်မယ့်အလုပ်မျိုးကို ရူးမိုက်ပြီး မလုပ်ပါဘူး ကိုကို။ ဒီအတိုင်း အေးအေးဆေးဆေး နေချင်တဲ့သဘောပါ❞

❝အင်းပါ။ ဒါဆို နားတော့။ ငါ ဆိုင်သွားလိုက်ဦးမယ်❞

❝ဟုတ်❞

ဝင်းမောင် အိမ့်ခေါင်းလေးကို အသာပွတ်ပြီး ကားပေါ်တက်ခဲ့လိုက်တော့သည်။ အိမ့်တစ်ယောက် အိမ်ထဲဝင်သွားပြီဆိုတာ သေချာမှ ကားကို မောင်းထွက်လာခဲ့လိုက်တော့သည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Tempat cerita menjadi hidup. Temukan sekarang