၁၄

449 17 0
                                    

<Unicode>

※တကယ်တမ်းတော့...※
အပိုင်း (၁၄)

❝ကိုနိုင်း...ဘယ်လိုဖြစ်ရတာလဲ ကိုနိုင်းရယ်...❞

ခွန်း သံတိုင်တွေနောက်မှ အစ်ကိုဖြစ်သူကို ယူကြုံးမရဖြစ်စွာ ငေးကြည့်ရင်း ငိုယိုကာ ပြောလိုက်သည်။

❝ခွန်း...ညီမလေး...ဘာမှစိတ်မပူနဲ့။ ကိုနိုင်း ဒီထဲမှာ ကြာကြာမနေရပါဘူး❞

❝ဒါပေမယ့် ခု ဒီထဲကိုရောက်နေပြီလေ။ ဘာလို့ ခွန်းကို လိမ်ရတာလဲ။ ခွန်း စာမေးပွဲဖြေနေတဲ့ရက်တွေမှာ ကိုနိုင်းကို ဘယ်လောက်လွမ်းရတယ်မှတ်လဲ❞

❝ခွန်းရယ်...အဲ့ဒီအချိန်မှာ ပြောလိုက်ရင် ခွန်း စိတ်ထိခိုက်ပြီး စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်မှာစိုးလို့ပါ။ ခုလည်း ကိုနိုင်းနဲ့ တွေ့နေရပြီပဲ။ တိတ်တော့နော်❞

နိုင်းက သံတိုင်တွေကြားမှ လက်လျှိုပြီး ခွန်းပါးပြင်ကမျက်ရည်တွေကို သုတ်ပေးရှာသည်။ နေသစ်ကတော့ သူတို့မောင်နှမကို ငေးကြည့်ရင်း ရင်ထဲမကောင်းဖြစ်မိသည်။

❝အီးဟီး...အင့်...အိမ်ပြန်ရင် ခွန်းတစ်ယောက်တည်း ဖြစ်နေမှာပေါ့။ ခွန်းက ကျောင်းပိတ်ရင် ကိုနိုင်းနဲ့အတူ လျှောက်လည်မယ်ဆိုပြီး မုန့်ဖိုးတွေတောင် စုထားသေးတယ်။ ခု အဲ့ဒါတွေကို ဘာလုပ်လိုက်ရမှာလဲ...အီးဟီး...❞

❝ခွန်းရယ်...ကိုနိုင်း...ကိုနိုင်းလည်း ဒီထဲမှာ ကြာကြာမနေရပါဘူး။ ကိုနိုင်း အပြင်ရောက်တာနဲ့ တို့မောင်နှမ အတူတူလည်ကြတာပေါ့...နော်❞

ခွန်းကိုနှစ်သိမ့်ပေးရင်း နိုင်းပါ မျက်ရည်ဝဲလာရသည်။ မတွေ့ရခင်ကတော့ မငိုမိအောင် ဘယ်လောက်ပဲ စိတ်တင်းထားဖို့ ကြိုးစားကြိုးစား တကယ်တမ်းတွေ့ကြတော့ သူပါ လိုက်ငိုမိတော့သည်။

ဧည့်တွေ့ချိန်ပြီးသွားလို့ အပြင်ရောက်တဲ့အထိ ခွန်းမှာ မျက်ရည်မခြောက်သေး။ အစောပိုင်းလောက် အော်ဗြဲမငိုတော့ပေမယ့် တအိအိနဲ့တော့ ကြိတ်ငိုရှာသည်။

ကားစီးလာတဲ့တစ်လမ်းလုံးလည်း ခွန်းမှာ အငိုမတိတ်။

သူ ကားနဲ့ပွတ်ဆွဲခံခဲ့ရလို့ ဆေးရုံရောက်တဲ့နေ့ကစပြီး ဒယ်ဒီက သူ့အား ဆိုင်ကယ်စီးခွင့်မပြုတော့။ သူ့စိတ်ကြိုက်ကားတစ်စီး ဝယ်ပေးသဖြင့် ဒီကားကိုသာ သွားရေးလာရေးအတွက် အသုံးပြုရတော့သည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now